Part 42

7.5K 674 32
                                    

Part 42

"သားတော်က မင်းမျိုးနွယ်မဟုတ်ဘူးဆိုတဲ့စကားက အရှင်ဘာကိုဆိုလိုလိုက်တာလဲ "

  မင််မင်းကြီး စိတ်မချမ်းသာစွာထိုင်ချလိုက်သည်။
ဝမ်လေးလည်း လိုက်ထိုင်ပြီး အရှင်ကိုကြည့်ကာ အရှင်ပြောလာမဲ့ စကားကို စောင့်နေမိသည်။

"ကိုယ်တော်ဒီအကြောင်းကို
ပြန်မပြောချင်တော့ဘူး "

"မရဘူး အရှင်ပြောရမယ် ကျွန်တော့်လက်ခံနိုင်အောင် တစ်ခုခုပြောပါ မင်းသားလေးပိုင်ရန်က
ဘယ်သူ့သားလဲ မိဖုရားကြီး၏သားမဟုတ်ဘူးလား "

"မဟုတ်ဘူး လူးမိဖုရားကတကယ်တမ်းကိုယ်ဝန်ဆောင်ပြီးမွေးခဲ့တာက မင်းသမီးလေးပါ "

"မင်းသမီးလေး! "

ဝမ်ယွမ်ပိုပြီးနားမလည်နိုင်အောင်ဖြစ်ရသည်။ မင်းသမီးလေးမွေးခဲ့တယ်ဆို အခုအဲ့မင်းသမီးလေးက ဘယ်မှာလဲ

"အရှင်! "

" ဝမ်ဝမ်နားမလည်နိုင်ဖြစ်နေတာ ကိုယ်တော်သိပါတယ် ကိုယ်တော်ပြောတာနားထောင်ပြီးရင်
ဝမ်ဝမ် ကိုယ်တော်ကို နားလည်ပေးနိုင်မယ်လို
မျှော်လင့်ပါတယ် "

"ကျွန်တော့် အရှင့်ကိုနားလည်ပြီးသားပါ ကျေးဇူးပြု၍ ကျွန်တော့်ကို ဖုန်းမကွယ်ထားပဲ
အမှန်အတိုင်း ပြောပေးပါ အရှင် "

" လူးမိဖုရားကြီးက ကိုယ်တော်ရဲ့ချစ်ခင်နှစ်သက်မှု အလိုလိုက်မှုတွေကို အခွင့်ကောင်းယူပြီး တခြားမိဖုရားတွေနဲ့ အမတ်တွေအပေါ် အာဏာပြတယ်
လောဘကြီးသလို ရည်မှန်းချက်လည်းပြင်းထန်တယ်။ သူ့ကိုယ်ဝန်ဆောင်တဲ့အတော့တွင်းမှာ ဆင်းရဲ့တဲ့ပြည်သူတွေထဲက သူနဲ့အတူတူ က်ိုယ်ဝန်ဆောင်တဲ့သူ ဘယ်နှစ်ယောကိရှီလဲ
မိုကိုယ်ရံတော်ကို စုံစမ်းခိုင်းခဲ့တယ်။အကြောင်းက သူသမီးလေးမွေးခဲ့ရင် သားတော်မွေးတဲ့အိမ်က
သားကိုယူပြီး အစားထိုးဖို့ပဲ  "

"ဗျာ! "

"လူးမိဖုရားသမီးတော်လေးမွေးခဲ့တယ်။ အဲ့ကလေးမျက်နှာကို သူတစ်ချက်တောင်လှည့်မကြည့်ပဲ မီးဖွားပေးတဲ့ သမားတော်ကို လည်ပင်းညှစ်ပြီး သတ်ခိုင်းခဲ့တယ် "

ရှင်ဘုရင်ရဲ့ကြင်ယာတော်Where stories live. Discover now