Part 37

6.6K 608 20
                                    

Part 37

"အရှင့်မင်းကြီး!..အရှင်မင်းကြီး "

"ရိုင်းပြလှချည်လား ကိုယ်ရံတော်ဝူကျီ "

နန်းဆောင်ထဲထိ ပြေးလာပြီး အရှင်ကို
ဂါရဝမပြုပဲရပ်နေတဲ့ ဝူကျီကို အားနင်စိတ်တိုကာ ပြောဆိုလိုက်သည်။

"ကျွန်တော့်မျိုးအရှင်ကို ဂါရဝပြုပါတယ်
ကျွန်တော်မျိုးသေသင့်ပါတယ်
အပြစ်ဒဏ်ခံယူပါမယ် အရှင် "

ဝူကျီဒူးထောက်ခစားကာ ပြောလိုက်သည်။

" ဘာအရေးပေါ်လာလို့လဲ "

"ဝမ်ကြင်ယာတော်ဝကို မယ်တော်ကဖမ်းဆီးထောင်ချလိုက်ပါပြီ အရှင် "

"ဘာ "

မင်းကြီးထရပ်ကာ အော်လိုက်မိသည်။

" ရှင်းအောင်ပြော ဝူကျီဘာဖြစ်တာလဲ "

"ယွမ်မိဥယျာဥ်တော်မှာ ဝမ်ကြင်ယာတော်က မိဖုရားကြီးကို တွန်းလိုက်တာကြောင့်
ရှင်းမိဖုရားကြီး ကိုယ်ဝန်ပျက်ကျသွားပါပြီ "

"ဘာ! "

" မယ်တော်ကြီးကအရမ်းစိတ်ဆိုးပြီး
ဝမ်ကြင်ယာတော်ကို အကျဥ်းချလိုက်ပါတယ် "

မင်းကြီး ချက်ခြင်းပဲ
အကျဥ်းထောင်ကို လိုက်လာလိုက်သည်။

"အရှင်! "

အခန်းကျဥ်းထဲကနေ သူ့ကိုလှမ်းခေါ်နေတဲ့
ဝမ်လေးကို မြင်ရတာ မင်ကြီးရင်ထဲနာကျင်မိသည်။

" တံခါးဖွင့်စမ်း "

"အရှင် မယ်တော်အမိန့်မို့လို့ ဖွင့်ပေးလို့မရပါဘူး  "

စစ်သူကြီးရောက်လာပြီး မင်းကြီးကို
တားတာကြောင့် မင်းကြီး စစ်သူကြီးကို ကြည့်ကာ

"ငါ့ကိုအာခံရဲတာလား "

မင်းကြီး သူ့ဘေးမှာရပ်နေတဲ့ဝူကျီဓားအိမ်ထဲက
ဓားကိုထုတ်ကာ စစ်သူကြီးလည်ပင်းကို ထောက်လိုက်သည်။
စစ်သူကြီး သူရဲ့အမှုထမ်းကို တံခါးဖွင့်ခိုင်းလိုက်သည်

" အရှင် "

မင်းကြီး ဓားကိုဝူကျီပြန်ပေးပြီး အထဲဝင်ကာ
ဝမ်လေးကို ဖက်လိုက်သည်။

ရှင်ဘုရင်ရဲ့ကြင်ယာတော်Where stories live. Discover now