Part 43

7.1K 655 33
                                    

Part 43

"ဖန်ရင်း..ဖန်သမားတော် "

အားနင်ခေါ်နေတာမကြားပဲ ခေါင်းငိုက်စိုက်လျှောက်နေတဲ့ ဖန်ရင်းရှေ့ကနေပိတ်ရပ်လိုက်သည်။

" အထိန်းတော်ကြီး "

" ဘာဖြစ်လာတာလဲ မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်နေတယ် သွေးမရှီတဲ့ဖုတ်ကောင်နဲ့တူတယ်  "

"ကျွန်တော့်ဘာမှမဖြစ်ပါဘူး အထိန်းတော်
  အရင်ကအရှင်ကို ကြင်ယာတော်အတွက်ဆို
လူအသက်တစ်ချောင်းကို ပုရွက်စိတ်တစ်ကောင် သတ်သလိုပဲ လွယ်ကူစွာ သတ်ခဲ့တယ်လို ထင်ခဲ့တာ "

" ပြောပြန်ပြီလားဒီစကား
အရှင်ကအဲ့လိုမဟုတ်ဘူး "

"ကျွန်တော့်သိပါတယ် အရှင်ကအဲ့လိုလူမျိုးမဟုတ်ဘူးဆိုတာ သိလ်ိုက်ရပါပြီ  "

"ဖန်သမားတော် ဘာတွေပြောနေတာလဲ
နေမကောင်းဘူးလား "

အားနင် သမားတော်နဖူးကိုစမ်းကာ မေးလိုက်သည်။

" ကျွန်တော်နေကောင်းပါတယ် "

ဖန်ရှင်း အားနင်ကိုခါးကိုင်းဉီးညွှတ်ခဲ့ပြီး
ထွက်လာခဲ့လိုက်သည်။

"အရှင်ကအကြောင်းမဲ့လူမသတ်ဘူးပဲ တကယ်တော့ အရှင်ထက်ပိုပြီးကြောက်ဖို့ကောင်းတာက ငါကိုယ်တိုင်ပါပဲလား ငါ့ကတော့ အရှင်ကို စိတ်ဆင်းရဲအောင် လုပ်တဲ့သူမှန်သမျှ အကုန်သတ်ပစ်ချင်တယ် "

ဖန်ရင်းလမ်းဆက်လျှောက်ဖို့ အားမရှီတာကြောင့်ထိုင်ချလိုက်ပြီး သူရှေ့ ဖြတ်သွားတဲ့လူတွေကို  ငေးကြည့်နေမိသည်။

🕌

"ဝမ်ဝမ် "

မင်ရန်ရှင်း ရင်ခွင်ထဲအိပ်နေတဲ့ ဝမ်လေးကိုနမ်းပြီးနှိုးလိုက်သည်။

" ထတော့လေ ကိုယ်တော်တို့
ညီလာခံတက်ရအုန်းမယ် "

" မတက်ချင်ဘူး အိပ်ချင်သေးတယ် "

မင်မင်းကြီး ထလိုက်ပြီး ဝမ်ဝမ်ကို
စောင်အပေါ်ဆုံးထိ ဆွဲခြုံပေးခဲ့လိုက်သည်။

" ကျင်းရီ "

" ဟုတ်ကဲ့ အမိန့်ရှီပါ အရှင်!"

" ဝမ်ကြင်ယာတော်နိုးလာရင် မနက်စာမစားခင်
အားဆေးတိုက်ဖို့ မမေ့တော်မူနဲ့အုန်း "

ရှင်ဘုရင်ရဲ့ကြင်ယာတော်Where stories live. Discover now