Part 39

7.3K 699 29
                                    

Part 39

ဝမ်ကြင်ယာတော်ကိစ္စကြောင့် ညီလာခံမှာ
အမတ်တွေ တစ်ယောက်နဲ့တစ်ယောက်အချင်းများနေကျသည်။
 ပညာရှီအမတ်ရှင်းဘက်က အမတ်တွေကတော့
ဝမ်ကြင်ယာတော်ကိုလက်မခံပဲ ကန့်ကွက်နေသည်။ ပညာရှီအမတ်ရှင်းကန့်ကွက်တာ မဆန်းပေ
သူ့သည် ရှင်းမိဖုရားကြီးရဲ့ အဖေဖြစ်သည်။

"အားလုံးငြိမ်ပေးပါ "

အားလုံးငြိမ်သွားကျမှ  မင်းကြီး
အမတ်တွေအားလုံးကို ကြည့်ကာ

"ငါ့ကိုယ်တော်ကို ဘယ်လိုမြင်မြင် ငါ့ကိုယ်တော်မြတ် အရှက်ကင်းမဲ့စွာနဲ့ပဲ ဝန်ခံတယ်။ ကိုယ်လုပ်တော်နဲ့ မိဖုရားတွေအားလုံးထက် ဝမ်ကြင်ယာတော်ကိုမြတ်နိုးတယ်  အဲ့ဒါကြောင့် အမတ်တွေက
ဝမ်ယွမ်ကို ကြင်ယာတော်အဖြစ် လက်ခံပေးဖို့
ပြည်သူတွေကို ဖြောင်းဖျပေးပါ "

"အရှင်မင်းကြီး နန်းကျကြင်ယာတော်အတွက်
ခေါင်းစားတော်မူမခံပါနဲ့ "

"ကြင်ယာတော်က အခုအပြစ်သေးလေး
တစ်ခုကြောင့် အပြစ်ကိုသုံးသပ်နေတာပါ တစ်နေ့
ငါကိုယ်တော်မြတ်ဘေးမှာ ကြင်ယာတော်အဖြစ်ပြန်လာမှာပါ  မုန့်အမတ်ကြီး "

"အရှင်ရင်သွေးကို သတ်တာ အသေးအဖွဲ့ပြဿနာမဟုတ်ပါဘူး အချစ်ကြောင့်အရှင်မမှားသင့်ပါ..အရှင်ပြန်သုံးသပ်တော်မူပါ "

ရှင်းအမတ်ကြီးကဆို၏။

" မျက်ကန်းအချစ်ကြောင့် ကိုယ်တော်ကို
ဘက်လိုက်တဲ့လို့သာ ဒဲ့ပြောလိုက်ပါ အမတ်ကြီး "

"အရှင် ကျွန်တော့်မျိုးဟမပြောရဲပါဘူး "

"ရှင်းမိဖုရားကိစ္စ မတော်တဆဖြစ်သွားတာပါ အမတ်ရှင်း သမီးတော်အတွက် စိတ်မကောင်းဖြစ်နေမှန်းသိပေမဲ့ ပညာရှီအမတ်ကြီးပီပီအမှားအမှန်ကို
ဝေဖန်သုံးသပ်ပါ "

မင်းကြီးစကားကြောင့်
ရှင်းအမတ်ကြီးနှုတ်ဆိတ်သွားသည်။

"အရှင်အတင့်ရဲစွာပြောပါရစေ
ဒီအရေးထက် စစ်ရေးက ပိုအရေးကြီးပါတယ် "

"ကိုယ်တော်အတွက်အားလုံးကအရေးကြီးတယ် စစ်မြေပြင်အတွက်လည်း မပူပန်ပါနဲ့
ငါကိုယ်တော်မြတ်ကိုယ်တိုင် စစ်သူကြီးတွေနဲ့ စစ်မြေပြင်သွားမယ် "

ရှင်ဘုရင်ရဲ့ကြင်ယာတော်Where stories live. Discover now