Chapter (7.1)

5.1K 526 12
                                    

Chapter (7.1) လက်တို့၏ အလျား

ရိချန်း ဖုန်းချလိုက်ပြီးနောက် ၊ တံခါး ဖွင့်ကာ အခန်းထဲ ပြန်ဝင်သွားလိုက်သည်။ ပြည်ပကုန်သွယ်ရေး ကုမဏီတစ်ခုမှ လာသည့် အကြီးအကဲလီမှာ သူ ပြန်ဝင်လာတာ မြင်တော့၊ ထရပ်ပြီး ဂုဏ်ပြုအရက်ခွက် မြှောက်လိုက်သည်။

"ရှေ့နေဟယ့် ဘယ်သွားနေတာလဲ။ ဒီကို လာပါဦးဗျ၊ ကျတော် ခင်ဗျားကို နောက်ထပ် ဂုဏ်ပြုချင်လို့ပါ။ ဒီနေ့ရဲ့ ညှိနှိုင်းမှုက အင်မတန် လက်ဖျားခါလောက်ပါရဲ့ဗျာ"

ရိချန်းက ယဉ်ယဉ်ကျေးကျေးပြုံးပြကာ ထိုဖန်ခွက်အား အကုန်မော့သောက်လိုက်၏။

ဘာမှပြန်မပြောဘဲ၊ ချီးကျူးစကားများကြား တစ်နာရီကျော်လောက် စားသောက်ကြပြီးနောက်၊ အကြီးအကဲလီက ..

"ရှေ့နေဟယ့် ကျတော်တို့ စားလို့ ပြီးတော့မယ် ဆိုတော့ ၊ နောက်တစ်နေရာ ပြောင်းကြရင်ရော ဘယ်လိုလဲ။"

ယောကျ်ားသား အုပ်စုကြီးမှာ ချက်ချင်းပင် ဆိုလိုချင်သည်ကို နားလည်သဘောပေါက်ပြီး ရယ်ကြတော့သည်။

ဤသည်ကိုကြည့်ခြင်းဖြင့် .. ဘယ်လိုနေရာမျိုး ဆိုတာ ပြောစရာ မလိုပါဘဲ ခန့်မှန်းနိုင်သည်။ ထို့ကြောင့် ရိချန်းက ခပ်မြန်မြန် ဝင်ပြောလိုက်၏။

"အကြီးအကဲလီ ၊ ခင်ဗျားတို့ပဲ သွားပြီး ပျော်ကြပါဗျာ၊ ကျတော်ကတော့ ဟိုတယ်ပဲ ပြန်လိုက်တော့မယ်"

"ရှေ့နေဟယ့် .. ခင်ဗျားက ကျတော်တို့ကို မျက်နှာသာ မပေးတော့ဘူးလားဗျာ" အကြီးအကဲလီက စိတ်မကောင်း ဖြစ်သယောင် ပြုမူနေ၏။

ရိချန်း က အာတင်းအပြုံးလေးနှင့် ..

"ကျတော့်ဇနီးက အိမ်ကနေလှမ်းပြီး စည်းကမ်း ကျပ်နေတယ်ဗျာ၊ ခုနက ဖုန်းဆက်တာလည်း သူပဲ ကျတော့်ကို လှမ်းစစ်ဆေးနေတာလေ။ ခဏနေကျရင် သူ ဟိုတယ်ကို ဖုန်းဆက်ပြီး ကျတော် အဲ့ဒီမှာ ရှိ၊မရှိ လှမ်းမေးလိမ့်မယ်။ ကျတော် ကြောက်တာက .. ကျတော် အိမ်ပြန်သွားရင် ပြဿနာတက်တော့မှာကိုပဲ။"

ယောကျ်ားအုပ်ကြီးမှာ ချက်ချင်းပင် စာနာနားလည်သလို အမူအရာဖြင့် ဝိုးခနဲ အော်ကြသည်၊ နောက်တော့မှ အကြီးအကဲလီက ..

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Where stories live. Discover now