Chapter (8.2)

5.6K 551 35
                                    

Chapter (8.2) တကယ်လို့သာ မင်း ထွက်သွားခဲ့ရင်

ရိချန်း အိမ်ကို စောစော ပြန်မလာလောက် ဟု ထင်မိသည်နှင့် မော့ရှန်းလည်း ညစာကို အပြင်မှာပဲ စားသွားလိုက်ဖို့ တွေးလိုက်သည်။ ထို့ကြောင့် သူ အိမ်ပြန်ရောက်ချိန်မှာ ၈ နာရီပင် ကျော်နေလေပြီ။

တံခါး ဖွင့်လိုက်တော့ အခန်းတွင်း မှောင်မည်းနေ၏။

မီးဖွင့်လိုက်ချိန်မှာပင် .. ယောကျ်ားသံ သြသြ တစ်သံ ရုတ်ချည်း ထွက်ပေါ်လာသည်။

"ပြန်လာပြီပေါ့"

"ရိချန်း .." ထင်မထားသည်မို့ မော့ရှန်းပင် ရှော့ခ် ရသွား၏။

ဒီအသံက လေသာဆောင်ဘက်မှ ထွက်လာတာပဲ။ သူ့ရဲ့ အရပ်ရှည်ရှည် ပုံရိပ်က မိမိအား ကျောခိုင်း ရပ်နေပြီး ဒီဘက်လှည့်လာခြင်း မရှိ။

သူတို့အကြားရှိ အနေအထားကြီးက တစ်နည်းနည်းဖြင့် ဖိစီးမှုတို့ ရှိနေသလိုမျိုး...

"ဘာလို့ ဖုန်းမကိုင်တာလဲ" ရိချန်းရဲ့ မေးလာသံက နူးညံ့စွာ၊ သူ့လက်ကြားမှာတော့ လောင်ကျွမ်းနေဆဲ ဖြစ်သော စီးကရက်တစ်လိပ် ရှိနေ၏။

ဘာဖုန်းလဲ၊ လက်ကိုင်ဖုန်းကို ပြောတာလား၊ မော့ရှန်း သည်တော့မှ အိတ်ထဲမှ ဖုန်းကို ထုတ်ကြည့်ရပြီး၊ ပိတ်နေတာကို သိရတော့သည်။ "အာ .. ဘက်ထရီ ကုန်သွားတာ"

ဘက်ထရီ ကုန်သွားတာတဲ့လား။ ဒါဆို ဒါကြောင့်မို့ပေါ့လေ။ ရိချန်း ပုံစံက စိတ်သက်သာရာ ရသွားသလိုမျိုး အသက်ရှူထုတ်လိုက်သည်။ သူ့အသံကမူ အနည်းငယ် နွမ်းလျသံ ပါနေသည်။

"မင်း စောစောအိပ်လိုက်တာ ပိုကောင်းမယ်"

"အင်း" မော့ရှန်း ခဏ စဉ်းစားကြည့်နေပြီး .. နောက်တော့ စိတ်ဆုံးဖြတ်လိုက်ပုံဖြင့်..

"ရိချန်း .. ကျမ ရှင့်ကို ပြောစရာ တစ်ခု ရှိတယ်"

"ဘာများလဲ"

မော့ရှန်း နှုတ်ခမ်းကို ကိုက်ကာ အသံမသဲမကွဲဖြင့် ..

"ကျမစိတ်ထဲ ကျမတို့က လက်ထပ်ပြီးသား စုံတွဲလို မဟုတ်နေသလိုပဲ ခံစားရတယ်.. ကျမတို့.."

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Where stories live. Discover now