Chapter (11.2)

5.2K 485 14
                                    

Chapter (11.2) ရင်းဟွေ့

မော့ရှန်း ခဏလောက်တော့ ဆွံ့အသွားသည်၊ နောက်တော့မှ ခေါင်းခါယမ်းကာ ..

"ဟင့်အင်း .. ကျမ မပြန်ချင်ဘူး၊ ကျမက အရမ်း အားနည်းလွန်းလို့လည်း ဖြစ်မယ်ထင်ပါတယ်။ ရင်းဟွေ့ ပြည်ပနိုင်ငံထဲမှာ နေမှတော့ ကျမလည်း ပြည်ပနိုင်ငံမှာနေတဲ့ သူများတွေလို အထီးကျန်တယ်ဆိုတာ သဘာဝကျပါတယ်။ ဒါပေမဲ့ ကျမ အိမ်ပြန်ပြီးတဲ့အထိ တစ်ယောက်တည်း ဆက်ဖြစ်နေမယ်ဆိုရင်တော့ ဒါက အရမ်း ဝမ်းနည်းစရာ ဖြစ်သွားပြီလေ"

ထို့နောက် ခေါင်းငုံ့သွားကာ ဘာမှ ထပ်မပြောလာတော့။

သူတို့ လေဆိပ်မှ ထွက်လာချိန်တွင် မော့ရှန်းက ပြောလာသည်။

"ရင်းဟွေ့ .. ကျမမှာ အစ်ကို့ကို ပြောစရာတစ်ခု ရှိတယ်။"

သူ ဘာပြောချင်နေမှန်း ရင်းဟွေ့ တိတိကျကျ သိနေပါသည်။ ထို့ကြောင့် ချက်ချင်းပင် ကြားဖြတ်ကာ..

"အတော်ပဲ၊ အစ်ကိုလည်း ညီမဆီက အကူအညီတစ်ခု တောင်းချင်လို့"

ရင်းဟွေ့ ရဲ့ မိဘများက အမေရိကကို တစ်လကြာ လာရောက်လည်ပတ်မည် ဖြစ်ပြီး၊ သူကလည်း လက်ထပ်ထားပြီးကြောင်း မတော်တဆ ပြောထားမိခဲ့သည်။

ရင်းဟွေ့ က မော့ရှန်းအား သူ့မိဘများနှင့် တွေ့ဆုံချိန်မှာ လက်ထပ်ထားသော စုံတွဲများလို ဟန်ဆောင်ပေးစေချင်ခဲ့သည်။

လုံးဝ အချိန်ကိုက်ပင်။

မော့ရှန်းက သူ့ ကျောင်းလည်း ပြီးပြီ ဆိုတော့ N မြို့ကနေ အချိန်မရွေး ထွက်လာလို့ ရနေပြီ။ ရင်းဟွေ့ ရဲ့ ကုမဏီမှာလည်း ကောင်းကောင်း လည်ပတ်နေပြီမို့ သူ့မှာလည်း အချိန်အား လေးတွေ ပိုရလာပြီ။

မော့ရှန်း ကယ်လီဖိုးနီးယားကို ပြောင်းရွှေ့လာပြီးနောက် ပထမဆုံး လုပ်သည့်ကိစ္စမှာ အလုပ်တစ်ခု ရှာခြင်း ဖြစ်သည်။ သို့သော် မကြာခဏဆိုသလို သူမက တရုတ်လူမျိုး ဖြစ်နေခြင်း၊ မိန်းမတစ်ယောက် ဖြစ်နေခြင်းတို့တွေကြောင့် စိတ်ပျက်ရခြင်းမျိုး ကြုံရသည်။

ရင်းဟွေ့က သူ့အဆက်သွယ်များဖြင့် ကူညီပေးချင်သော်လည်း မော့ရှန်းက ငြင်းပယ်ခဲ့သည်။

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Where stories live. Discover now