Chapter (12.1)

5.6K 472 27
                                    

Chapter (12.1) As it turn out

မော့ရှန်း အလုပ်သို့ နီရဲနေသော မျက်ဝန်းများဖြင့် သွားခဲ့သည်။ ရှောင်ဟုန်က သူရဲ့မျက်ဝန်းများအား သေသေချာချာ ကြည့်ကာ ကြေကွဲသောက ရောက်သလို လေသံဖြင့် ..

"နင့် ချစ်သူနဲ့ လမ်းခွဲလိုက်တာလား"

မော့ရှန်းကလည်း သူ့လေသံအတိုင်း လိုက်ဖက်ညီအောင် အသံနှိမ့်ကာ..

"ရဲဘော်ကြီးရှောင်ဟုန် ၊ ခင်ဗျားရဲ့ ဒီ အသည်းကွဲနေတဲ့ သူငယ်ချင်းလေးကို အမဲသားထမင်းလေးနဲ့များ မကျွေးမွေးချင်ဘူးလား"

ရှောင်ဟုန်က ခဏမျှ စဉ်းစားနေပြီးနောက် ..

"ဒါဆို နင် အဲ့ဒီ နင့်ရည်းစားနဲ့ လမ်းမခွဲတော့တာက ပိုကောင်းမယ် ထင်တယ်"

ဦးလေးပိုင်က ရင်းဟွေ့ပုံ မျက်နှာဖုံးပါသော သတင်းစာတစ်စောင် ယူလာ၏။ မော့ရှန်း ထိုသတင်းစာကို မြင်သောအခါ မိမိစားပွဲဆီသို့ ဖတ်ရန် ယူလာခဲ့၏။ သူ့ဘဝအကြောင်း တခမ်းတနား ချီးကျူး မှတ်တမ်းတင်ထားခြင်းသာ။ သတင်းစာ၏ မူ အရ ထိုထဲတွင် ကောလဟလ အတင်းအဖျင်းများ နှင့် ရင်းဟွေ့ရဲ့ ဇနီးသည်အကြောင်း မှန်းဆချက်များ ပါဝင်သည်။

မော့ရှန်း သတင်းစာကို ချထားလိုက်ကာ အချိန်အတော်ကြာသည်အထိ ငေးငိုင်နေမိသည်။

မော့ရှန်း အမေရိကတွင် ရှိနေခဲ့စဉ်က သိကျွမ်းသူ များများစားစား မရှိ၊ အစ်မကျွမ်းနှင့် အရင်းနှီးဆုံး ဖြစ်သော်လည်း တရုတ်ပြည်ပြန်လာပြီးနောက် အဆက်အသွယ် ပြတ်တောက်ခဲ့သည်။ တကယ်တော့ ရင်းဟွေ့ အား မိမိအား ကူညီခဲ့သည်များကြောင့် လေးစားမိခြင်း သက်သက်သာ ရှိသည်။ သူ အရက်မူးခဲ့သည့် အချိန်က သူ စည်းမကျော်ခဲ့သော်လည်း မိမိအား ရင်နာစေခဲ့သည်။

ခဏလောက် တုံ့ဆိုင်းနေမိပြီးနောက် မော့ရှန်း ကွန်ပျူတာကို ဖွင့်ပြီး SOSO ဝဘ်ဆိုက် သို့ ဝင်လိုက်ပြီး၊ နောက်တော့ မကြာခဏ ဖွင့်လေ့ မရှိသော mailbox ထဲမှ ရင်းဟွေ့ရဲ့ email ကို ရှာကြည့်လိုက်သည်။

ရေးလိုက်ပြီးသည့်စာများကို အကြိမ်ကြိမ် ဖျက်လိုက်၊ ပြောင်းလိုက်လုပ်ရင်း နောက်ဆုံးတော့ တစ်ကြောင်းသာ ကျန်တော့သည်။

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Tempat cerita menjadi hidup. Temukan sekarang