Chapter (10.2)

4.8K 479 6
                                    

Chapter (10.2) မလွတ်မြောက်နိုင်ခြင်း

မော့ရှန်း နှုတ်ခမ်းအား တင်းတင်းစေ့ကာ .. LED မျက်နှာပြင်ပေါ်ရှိ ရင်းဟွေ့ ကို ခေါင်းမော့ကြည့်လိုက်မိသည်။

ရင်းဟွေ့ က သူ့အတိတ်အကြောင်းကို မိမိအား ပြောပြခဲသည်။ အဲ့သည်တုန်းက မိမိရဲ့ အသက်ကလည်း ၂၃ နှစ်သာ ရှိသေး၍လည်း ဖြစ်နိုင်သည်၊ ထို့ကြောင့် ရင်းဟွေ့က မိမိအား ညီမငယ်လေး တစ်ယောက်လိုသာ ရှုမြင်ခဲ့သည်။

တစ်ခါသာ .. အခွင့်ကြုံ၍ ထိုအကြောင်း ပြောဖြစ်ကြတော့..

"စီတက္ကသိုလ်မှာတုန်းက အစ်ကို့မှာ ချစ်သူ ရှိခဲ့ဖူးတယ်။ သူက အရမ်းလည်း ထက်မြက်တယ်၊ လှလည်း လှတယ်.." ထိုနေရာမှာတင် အသံတိတ်သွား၏၊ သူ့လေသံကလည်း ခံစားချက်တို့ ပြည့်လာပုံဖြင့်..

ထိုစဉ်က မော့ရှန်း အကြောင်းရင်းကို နားမလည်နိုင်ပါဘဲ ချက်ချင်း တုံ့ပြန်ခဲ့သေးသည်။

"ကျမရဲ့ ရည်းစားဟောင်း ဆိုရင်လည်း အရမ်း တော်တာပဲ"

"သြော်" ရင်းဟွေ့က ပြုံးရယ်ကာ .. "ဒါဆိုရင် .. ညီမရဲ့ ရည်းစားဟောင်းက အစ်ကို့လောက် ကံမကောင်းဘူးပေါ့"

အဲ့သည်နေ့က သူ့မျက်နှာထားနှင့် ဝိရောဓိ ဖြစ်နေသည့် မျက်ဝန်းများကို မော့ရှန်း မှတ်မိနေပါသေးသည်။ အထီးကျန်မှု နှင့် ထီမထင်မာနများ က သူ့ရဲ့ တည်ငြိမ်နေသော မျက်ဝန်းများထဲ တပြိုက်နက် ထင်ပေါ်နေ၏။

ထိုနှစ်များအတွင်း ရင်းဟွေ့ဘဝထဲတွင် ဘယ်လို အမျိုးသမီးမျိုးမှ မတွေ့ခဲ့ရ။ မော့ရှန်း တွေဝေငေးမောနေမိသည်။ ကြည့်ရတာ မိမိလိုမျိုး .. အတိတ်တုန်းက လူကို မေ့ပျောက်မရနိုင် ဖြစ်နေတာများလား။

သူ့မိန့်ခွန်း ဆုံးသွားတော့ အစီအစဉ်မှုး ထွက်လာကာ..

"ကဲ .. အခု အပြီးသတ်ပြီဆိုတော့ ဒီပရိတ်သတ်တွေအားလုံးပဲ.. စိတ်ကျေနပ်ကြရဲ့လား။ နောင်တရတာမျိုးရော ရှိကြလား။"

တပြိုင်နက်အော်သံများ ကြားရသည်။ "Yes"

"ဒါဆို နောက်ထပ် အနေနဲ့က အမေးအဖြေ ကဏ္ဍပဲ ဖြစ်ပါတယ်။ နာရီဝက်လောက် အချိန်ရမှာမို့ အခွင့်အရေးကို အရယူကြရအောင်ပါ"

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Where stories live. Discover now