ကိုကို သိလား ? 🍀1🍀

7.9K 191 5
                                    

"appa ,  omma က ဘာ​လေး​​​မွေးတာလဲ ဟင်​ညီ​လေးလား ညီမ​လေးလား ဟင်​"

6 နှစ်အရွယ်​​ကောင်​​လေး တစ်​​ယောက် ​ကျောင်း ဝတ်​စုံ​လေး​တောင်​ မလဲနိုင်​ဘဲ ခွဲခန်း​ရှေ့ ​ရောက်​​နေသည်
သူရဲ့ အ​ဖေအား  ​မေး​နေသည်​က ညီ​လေးလား
ညီမ​လေး လားတဲ့ 

အ​ကြောင်းက သူ့အ​မေက ခွဲခန်းထဲမှာ ​သေမင်းနဲ့
လွန်​ဆွဲ​နေရပါသည်​  သူတို့ရဲ့ ​သွေးသား​လေးအတွက်

"သား  အိမ်​ပြန်​​တော့​လေ  ​နောက်​မှ ပြန်​လာခဲ့  မင်း​မေ​မေလည်း ​မွေးဦးမှာ မဟုတ်​​သေးဘူး ပြန်​​တော့ သား ​မေ​မေ ​မွေးပြီးသွားရင်​ ​ဖေ​ဖေ လှမ်း​ခေါ်လိုက်​မယ်​"

"ဟင့်​အင်း သားပြန်​ချင်​ဘူးရယ်​ ​မွေးလာမဲ့က​လေး​လေး ကိုကြည့်​ချင်​​သေးတယ်​"

"သားက လိမ္မာပါတယ်​ sehun ရယ်​ ပြန်​​တော့​နော်​ မင်း အ​မေ ​မွေးပြီးရင်​ ​ခေါ်ပါ့မယ်​"

"appa ကလည်း သားက​လေ ကေ​လး​လေးကိုကြည့်​ချင်​​သေးတယ်​လို့"

"​နောက်​မှကြည့်​ပါ​တော့ သားရယ်​ သွား​တော့​နော်​"

"ဟုတ်​ ပြီးရင်​ပြန်​လာမှာ​နော်​"

"​အေးပါကွာ"

နောက်​လှည့်​ကြည့်​လှည့်​ကြည့်​ဖြင့်​ ပြန်​သွားသည်
တော်​​တော်​နဲ့ နှင်​လွှတ်​လို့မရတဲ့က​လေး ဘယ်​​လောက်​​ခေါင်းမာလည်း သိသာပါတယ်
နာမည်​​လေးက  oh sehun တဲ့​လေ
အ​​ဖေဖြစ်​သူက oh မျိုးရိုး
အ​မေဖြစ်​သူက xiao မျိုးရိုးမှ ​မွေးဖွားလာသည်

ကျိကျိတက်​ ချမ်းသာတဲ့ သူဌေး​တွေမို့ 
က​လေးငယ်​မှာ ငယ်​စဉ်​ကတည်းက သူလိုချင်​တာကို
ရ​အောင်​ ယူတတ်​သည်

🍀🍀🍀🍀

"ညီ​လေးက ချစ်​စရာ​လေး ဟီး နီတာရဲ​လေး"

ညီဖြစ်​သူကို ယုယုယယ​ပွေ့ထားကာ က​လေး​သေး​သေး​လေးကို မြှူကာစ​နေသည်
က​လေး​သေး​သေး​လေးမှာ ရယ်​​နေသည်

"ညီ​လေးကို  omma စီ​ပေးလိုက်​ပါဦး သားရယ်
ချိုချို စို့ရဦးမယ်​​လေ"

ကိုကို  သိလား ? 🍀Completed🍀Where stories live. Discover now