ကိုကို သိလား? 🍀2🍀

3.4K 131 1
                                    

"ဖန်​ဖန်​ ကိုကို့ စကား နား​ထောင်​​နော်​ "

"ဟုတ်​ မားမား"

"သားကြီးကလည်း ညီ​လေးကို ဂရုစိုက်​လိုက်​​နော်​"

"ဟုတ်​ကဲ့ omma "

"ကဲ သွားကြ​တော့ appa ကအလုပ်​သွားရဦးမှာဆို​တော့"

"ဟုတ်​ တာ့တာ့ omma "

"​ချစ်​တယ်​​နော်​ မားမား"

"​အေးပါကွယ်​ သွားကြ​တော့ ပထမဆုံး​နေ့မှာ ​ကျောင်း​နောက်​ကျဦးမယ်​"

ဖန်​ဖန်​​လေး အသက်​ ပြည့်​သွားလို့ ​ကျောင်းတက်​ရပါပြီ က​လေးငယ်​က​တော့ အရမ်း​ပျော်​​နေတာ​ပေါ့

"​ပျော်​​နေတာလား ဖန်​ဖန်​"

"ဟုတ်​ကဲ့ အရမ်း​ပျော်​​နေတာရယ်​ ကိုကိုနဲ့ ​ကျောင်းအတူ တက်​ရပြီ​လေ"

"ဟုတ်​လို့လား ကိုကိုနဲ့ ​ကျောင်းအတူတက်​ရလို့​ပျော်​​တယ်​ဆိုတာ"

"ဟုတ်​တယ်​"

က​လေးငယ်​က သူ့အကို ပခုံး​ပေါ် ​ခေါင်း​လေးတင်​ထားသည်

"​ရောက်​ပြီ ညီ​လေးကို ဂရုစိုက်​​နော်​ သား"

"ဟုတ်​ကဲ့"

"သွားကြ​တော့ ​ကျောင်း​နောက်​ကျ ဦးမယ်​"

"ဟုတ်​"

ညီငယ်​​လေးလက်​ကို ဆွဲကာ ​ကျောင်းခန်းထဲ ဝင်​လာခဲ့သည်

မူလတန်းပဲ ရှိ​သေးတဲ့ ညီငယ်​အား အငယ်တန်း​တွေဘက်​မှ ​သေချာ​နေရာချ​ပေးကာ

"ဖန်​ဖန်​ ဒီမှာ​နေ​နော်​ ​နေ့လည်​ကျရင်​ ကိုကို လာ​ခေါ်မယ်​"

က​လေးငယ်​က လက်​ဆွဲထားသည်

"​ဖန်​ဖန်​ ​ကြောက်​တယ်​ ကိုကို"

မျက်​နာငယ်​​လေးနဲ့ ​ပြောလာ​သော​ကြောင့်
အကိုဖြစ်​သူက ပြုံးပြသည်

"ကိုကို ရှိတယ်​​လေကွာ မ​ကြောက်​နဲ့ အဆင်​​ပြေသွားလိမ့်​မယ်​ ဟုတ်​ပြီလား"

"ဟင့်​...."

"အဆင်​​ပြေသွားမှာပါ ​နေ့လည်​ကျ ကိုကို လာခဲ့မယ်​"

ကိုကို  သိလား ? 🍀Completed🍀Where stories live. Discover now