ကိုကို သိလား ? 🍀7🍀

1.2K 104 10
                                    

"ဂရုစိုက်​သွား​နော်​  appa နဲ့ omma "

"ကျန်းမာ​ရေး ဂရုစိုက်​​နော်​ ပါးပါး နဲ့ မားမား ဟင့်​"

"​အေးပါကွယ်​ လိမ်​လိမ်​မာမာ ​နေကြ​နော်​"

"ဟုတ်​ကဲ့"

"သင့်​သင့်​မြတ်​မြတ်​ ​နေကြ​နော်​  သားကြီးကလည်း
ဖန်​​လေးကို ခဏခဏ စိတ်​မဆိုးနဲ့ ​နော်​"

"ဟုတ်​ကဲ့"

"ကဲ ​လေယဉ်​ ထွက်​​တော့မယ်​ မားတို့ သွားပြီ"

သူက မျက်​ရည်​​လေး​တွေ ကျလာသည်
ကိုရီးယားက ကုမ္ပဏီကို ပြင်​သစ်​ သို့​ပြောင်းလိုက်​ပြီ
ဖြစ်​​သော​ကြောင့်​ မိဘနှစ်​ပါးက ပြင်​သစ်​ကို​ပြောင်းရမည်​ဖြစ်​သည်​ ကျ​နော်​တို့နှစ်​​ယောက်​က​တော့
ကျောင်းတက်​​နေဆဲမို့ ကိုရီးယားမှာ သာ​နေ​စေသည်

"ဖန်​​လေး​တော့ မားကို လွမ်း​နေ​တော့မှာ  အီး ဟီး"

"မား​ရောပါပဲ ကွယ်​"

အသည်းငယ်​တဲ့ သားအမိနှစ်​​ယောက်​က​တော့
ဖက်​ထားကြကာ အလွမ်းသယ်​​နေကြသည်

"sehun .."

"​ဗျာ  appa ​ပြော​လေ"

"ဖန်​​လေးကို စိတ်​ဆိုး​နေ​သေးတာမှတ်​လား"

"......."

"ဖန်​​လေး သနားပါတယ်​ကွယ်​ စိတ်​ဆိုး​ပြေလိုက်​ပါ​တော့ က​လေးက သားစိတ်​ဆိုး​နေတာ သူ့ကိုမ​ခေါ်ဘူးဆိုပြီး ညတိုင်း appa တို့စီလာပြီး ​ပြောပြ​နေတာကွဲ့"

"ဟုတ်​ကဲ့"

"စိတ်​ဆိုး​ပြေလိုက်​ပါ​တော့ ဖန်​​လေးက သားကို အရမ်းချစ်​ရှာတာ"

"ဟုတ်​ကဲ့ appa "

"ပြန်​​ခေါ်လိုက်​​တော့​နော်​"

"ဟုတ်​"

"ဟိုမှာ ကြည့်​ပါဦး က​လေးကို မျက်​နာငယ်​​လေးနဲ့"

appa ပြလို့ကြည့်​မိ​တော့ တကယ်​မျက်​နာငယ်​​လေးဖြင့်​ကြည့်​​နေတာ

"ကဲ သွား​တော့မယ်​​နော်​"

"ဟုတ်​ကဲ့"

appa တို့တက်​သွားတဲ့ ​လေယဉ်​ကြီး ​ပျောက်​ကွယ်​သွားသည်​အထိ ကြည့်​​နေကြပြီးမှ အင်​ချွန်း​လေဆိပ်​ထဲမှ ထွက်​ခဲ့ကြသည်​.

ကိုကို  သိလား ? 🍀Completed🍀Where stories live. Discover now