ကိုကို သိလား ?🍀6🍀

1.2K 109 2
                                    

"luhan မျက်​နာ မ​ကောင်းပါလား"

"အင်း  နည်းနည်း နွမ်း​နေလို့ပါ"

"အဆင်​​မ​ပြေတာ​တွေ ရှိလို့လား?"

ရှိတာ​ပေါ့ သိပ်​ကို ရှိတာ​ပေါ့
ဘာအပြစ်​မှမရှိဘဲ ကိုကို့ရဲ့ ပစ်​ဖယ်​ခြင်းကို ခံထားရတာ  နည်းနည်း​လေးမှ အဆင်​မ​ပြေပါဘူး

"​ပြေပါတယ်​ ကွာ"

တ​အောင့်​​နေ​တော့ ဆရာလည်း ​ရောက်​လာ​သော​ကြောင့်​ စကားမ​ပြောဖြစ်​ကြ​တော့

နေ့လည်​ စာ စားချိန်​ ကျ​နော်​တို့ သူငယ်​ချင်း
သုံး​ယောက်​ ကန်​တင်းမှာ ​နေ့လည်​စာ စား​နေကြသည်

"luhan....."

ပါး​လေး​တွေ ရဲကာ ​ခေါ်လာ​သော Taeji

"​ပြော​လေ Taeji"

"ဟို ငါ​လေ မင်း ကိုကို ကို ချစ်​တယ်​"

"ဟမ်​?"

"အဲ့ဒါ​လေး ​ပြော​ပေးပါလား ဟင်​"

ဟင့်​အင်း မ​ပြော​ပေးနိုင်​ပါဘူး ဘာလို့​ပြော​ပေးရမှာလဲ

"ကိုကိုက အရမ်း ရှုပ်​​ပွေတယ်​ဟ "

"ရပါတယ်​"

"ဟင့်​အင်း မရဘူး ကိုကိုက ဘယ်​သူ့ကိုမှ အတည်​မတွဲဘူး မင်းက အရမ်းရိုးသားတယ်​ မဖြစ်​နိုင်​ပါဘူးကွာ"

"ဟင့်​အင်း ရတယ်​ သူနဲ့ တစ်​ပတ်​ ​လောက်​ဖြစ်​ဖြစ်​တွဲလိုက်​ရရင်​​တောင်​ ​ကျေနပ်​ပါတယ်​"

ခက်​ပြီ ဘာလို့လဲ  ဘာလို့ ကိုကို့ ကို အဲ့​လောက်​ဖြစ်​​နေတာလဲ  မရက်​စက်​ပါနဲ့ ကံကြမ္မာကြီးရယ်
ပိုင်​ဆိုင်​ခွင့်​မရရင်​​တောင်​ အဲ့​လောက်​ကြီး မရက်​စက်​ပါနဲ့

"မဖြစ်​ပါဘူး ကိုကိုက မ​ကောင်းဘူးဟ "

"ရတယ်​ "

"ခက်​လိုက်​တာ Taeji ရာ ငါကိုကို နဲ့ ရန်​ဖြစ်​ထားတယ်​ စကားမ​ပြောဘူး ဟ "

"အာ အဲ့ဒါ​ကြောင့်​လား အဲ့ဒါဆိုလည်း စကားပြန်​​ပြောရင်​ ​ပြော​ပေး​လေ  ဒီကြားထဲ ငါ့ဘာငါ ကြိုးစားကြည့်​ထားမယ်​ "

ကိုကို  သိလား ? 🍀Completed🍀Where stories live. Discover now