Boss Babies

417 67 25
                                    

<Unicode>

(ပြွတ် ပြွတ်)

Fanfanတယောက် တွန်းလှည်းပေါ်မှာဇိမ်နဲ့နို့ဘူးစို့ရင်းလိုက်ပါလာတယ်

လမ်းလျှောက်ထွက်ချိန်မို့လို့ အဖေကိုယ်စီကတွန်းလှည်းတွန်းရင်းထွက်လာတာ

Chanyeolကတော့ ပါးကြီးအစ်လို့ သွားရည်တွေကျပြီး အိပ်နေလေရဲ့ Yifanတယောက်အဲ့ဒါကိုကြည့်ပြီးးမုန့်ရတဲ့ကလေးလေးလိုပျော်နေတယ်

"Yeollieကအိပ်လှချည်လားကွ"

"တအားဆော့တော့ပင်ပန်းပြီးအိပ်နေတာ.."

အဖေနှစ်ယောက်သားစကားတွေများနေကြတာ fanfanကနို့ဘူးစို့ရင်းနားထောင်နေပေမဲ့yeollieကတော့ အိပ်ကောင်းတုန်း

"ငါတော့ သူတို့လေးတွေစကားမြန်မြန်ပြောတတ်စေချင်ပြီ"

"အင်းး appaလို့ခေါ်တာလေးကြားချင်လှပြီ"

အဖေတွေခမျာ သူတို့ကွယ်ရာမှာ သားနှစ်ကောင်ကြောက်မက်ဖွယ်ရာအသံကြီးတွေနဲ့အချင်းချင်းအော်ဆဲနေတာကိုသာသိကြရင်ဖြင့်....

(ဒုန်းး ဒုန်းး)

လမ်းလျှောက်ကျင့်တဲ့တွန်းလှည်းလေးတွေနဲ့ အခန်းထဲမှာ ဆော့နေကြတဲ့fanfanတို့

ဆော့နေတာထက်တိုက်ကားတိုက်သလိုမျိုး ဝင်ဆောင့်ပစ်နေတာပါ

အဲ့ဒါကိုသဘောကျနေကြတယ်လေ

"အဟင့် ဟင့်"

ပါးစပ်မှာတပ်ထားတဲ့ချိုလိမ်ကပြွတ်ခနဲအောက်ပြုတ်ကျသွားတော့ Chanyeolတယောက်ငိုပါတော့တယ်

ပါးဖောင်းဖောင်းကြီးပေါ်မျက်ရည်လုံးကြီးတွေစီးလို့ နှုတ်ခမ်းကလှုပ်စိလှုပ်စိနဲ့

"မငိုနဲ့လေ ရော့ရော့"

အိပ်ယာခင်းပေါ်ကျသွားတဲ့ချိုလိမ်ကိုလက်ပိစိလေးနဲ့ကောက်ပြီးyeollieပါးစပ်ထဲထည့်ပေးတဲ့fanfanကကလေးထိန်းနေတဲ့လူကြီးလိုလို

Yeollieကလဲ ချိုလိမ်ပြန်ရမှပဲ အငိုတိတ်သွားလေရဲ့

ဒါတောင်fanfanကသူ့ခေါင်းကိုအသာလေးပုတ်ပြီး တိတ် တိတ် နဲ့ချော့နေသေးတာ

အချိန်တွေကြာလာတော့လဲသံယောဇဥ်ဖြစ်ပြီးခင်တွယ်သွားကြတယ်ထင်ပါရဲ့
ကလေးနပန်းပွဲတွေသိပ်မဖြစ်တော့

Boss Babies(Completed)Tahanan ng mga kuwento. Tumuklas ngayon