Boss Babies

362 64 28
                                    

<Unicode>

"Chanyeol က လိမ်မာလိုက်တာ"

Yifanစာကြည့်တိုက်အပြင်ထွက်လာတော့chanyeolကိုတွေ့ရတယ်
ဘေးမှာseniorအစ်မတယောက်နဲ့

သူမကchanyeolကိုတခုခုပြောပြီးသူသိပ်မြတ်နိုးရတဲ့ပါးပြင်လေးကိုဆွဲညှစ်လိုက်တာကြောင့် yifan လက်တွေတုန်လာတယ်

Chanyeolကလဲပါးချိုင့်တွေပေါ်အောင်ကိုပြုံးလို့
Yifanတခါတခါသွားကိုင်ရင်တောင်သူစိတ်ဆိုးတတ်တာလေ

ဒါပေမဲ့ အခုကျ..အဲ့အစ်မနဲ့ ပြုံးလို့ရယ်လို့ ဆိုတော့...

Chanyeol...ရည်းစားရနေတာလားး..

"...yifan ငါ့ကိုစောင့်ဦးလေ"

Chanyeolမြင်သွားတာနဲ့အမြန်လှည့်ထွက်ခဲ့တာ တဖြေးဖြေးနီးလာတဲ့ခြေသံတွေကြောင့်Yifanရင်တွေပူလောင်လှပြီ

သူ့ကိုတချိန်ချိန်တော့ချစ်လာမှာပါလို့ဘာကြောင့်များထင်ခဲ့မိတာလဲ..
သူ့ဘေးမှာကိုယ်ဘယ်လိုမှမသင့်တော်မှန်းသိရက်နဲ့

အရင်တုန်းထဲကဆက်ဆံရေးမှအဆင်မပြေကြတာ အခုကြိုးစားလဲမထူးတော့ဘူးထင်ပါရဲ့...

"Yifan...!စောင့်ဦးလို့

ဘယ်လိုဖြစ်နေတာလဲ
မင်းကငါ့ကိုမမြင်ချင်ယောင်ဆောင်တယ်ပေါ့လေ..."

"...အဲ့လို မဟုတ်ပါဘူး..."

ဘာအကြောင်းပြချက်မှမပေးနိုင်ပဲ မျက်နှာပျက်နေတဲ့Yifanကို ဟိုငတုံးလေးကသတိမထားမိ

Yifanပခုံးကိုတစောင်းဖက်ပြီးပြောနေတာ
ပါးစပ်ထဲမှာ ပီကေကလဲဝါးနေသေး

"အဲ့ဒါဆိုလဲ မုန့်သွားစားရအောင် ငါဗိုက်ဆာနေပြီ.."

"...ဟို..ကိုယ် နေသိပ်မကောင်းလို့"

စကားတွေဆက်ရှည်နေမှာဆိုးတာကြောင့်yifanအမြန်ထွက်လာခဲ့တယ်

ဒီအချိန်ကတယောက်ထဲနေသင့်တာမလား
Chanyeolအနားမှာနေရင်ပိုပြီးနာကျင်ခံစားရလိမ့်မယ်
အများကြီးတွေးစရာတွေရှိတယ်

Chanyeolကတော့နောက်မှာ ဘုမသိဘမသိနဲ့ကျန်ခဲ့ဦးမယ်
သူလေးကသိပ်ရိုးတာကိုး

••••••••

"အင့်...

Chanyeollie.."

Boss Babies(Completed)Hikayelerin yaşadığı yer. Şimdi keşfedin