KRISYEOL DAY(Extra)

381 58 18
                                    

<Unicode>

"Chanyeollie တော်ပြီ"

Chanyeolတယောက်စာမလုပ်ပဲ အရောင်ခြယ်စာအုပ်မှာဆေးရောင်ခြယ်နေပါလေရဲ့

တကယ်တမ်း စာအုပ်မှာရောက်တဲ့အရောင်ကနည်းနည်း သူ့တကိုယ်လုံးမှာပေနေတဲ့ဆေးတွေကခပ်များများ

မျက်နှာတခုလုံးလဲရောင်စုံဖြစ်နေပြီ

"တချိန်လုံးကိုဆော့နေတော့တာပဲကွာ လာ ထ"

"နေဦး ပြီးတော့မယ်"

Yifanဆွဲထူနေပေမဲ့လဲ စာအုပ်ကိုပဲသူလေးကသဲကြီးမဲကြီးနှင့်ဟိုခြစ်ဒီခြစ်လုပ်လိုက်သေးသည်

"ရေချိုး မြန်မြန် ပေကျံနေတာပဲ"

"ချိုးမယ် အင်္ကျီထုတ်ထားပေးနော်"

"အွန်းး ရေချိုးခန်းထဲအရုပ်တွေနဲ့ဆော့မနေနဲ့တော့နော် chanyeollieee"

ရေချိုးခန်းထဲလှစ်ခနဲဝင်သွားသည့်ဟာလေးကyifanပြောတာတောင်သေချာကြားရဲ့လားမသိ

ကိုယ်တော်လေးကအင်္ကျီထုတ်ဝတ်ဖို့တောင်ပျင်းလို့yifanပဲလုပ်ပေးရတယ်လေ
ဒီလိုပုံစံနဲ့တော့မလွယ်ပါဘူး

ရေချိုးရင်လဲသူက ကောင်းကောင်းချိုးတာမဟုတ်ဘူး ဇလုံထဲကိုရော်ဘာဘဲအရုပ်တွေရော ရှိတာအကုန်ထည့်ပြီးဆော့တာ

ပြီးရင် အအေးပတ်ရော

Yifanတယောက်တော့ chanyeolကြောင့်တော်တော်မောနေပါပြီ

(ဒေါက် ဒေါက်)

"Chanyeollie ထွက်တော့ အအေးပတ်မယ်"

ရေချိုးခန်းတခါးကိုသွားခေါက်ပြီးပြောလိုက်တော့ခဏအကြာchanyeolထွက်လာသည်
သူ့ကိုယ်ကရေတွေသုတ်ပေးရင်း အဝတ်အစားတွေလဲyifanပဲဝတ်ပေးရတယ်

"အာ~~"

"ရေပေးဦးး"

"အွန်းး ဖြေးဖြေးသောက်"

တခုခုစားရင်လဲ yifanပါပဲ
ဘေးနားကနေကလေးထိန်းလိုမျိုးတခုပြီးတခုလုပ်နေရတာ

သူလေးကတော့ဟန်ကျပန်ကျ ပါးစပ်လေးဟပေးလိုက် /ခွံ့ကျွေးတာစားလိုက်နဲ့

Baby.Corpမှာသာအလုပ်ပြုတ်ခဲ့ပေမဲ့ chanyeolကyifanအတွက်တော့တကယ့်ကိုbossဖြစ်နေတုန်းပါပဲ

Boss Babies(Completed)Tempat cerita menjadi hidup. Temukan sekarang