EXTRA

406 52 29
                                    

<Unicode>

(ဘတ် ဘတ် ဘတ်)

"Chanyeollieအရင်တုန်းကကိုယ့်ပါးကိုအဲ့လိုရိုက်တာလေ မှတ်မိလား"

ဂျုံတွေကိုစားပွဲပေါ်တင် ပလာတာလိုရိုက်ပြီးဆော့နေတဲ့chanyeolကိုပြောလိုက်တော့ဟိုကသွားလေးတွေဖြီးလို့

Yifanကိုညအိပ်ရင်ယောင်ပြီးပါ​းတွေချတာလေ လက်ပိစိလေးနဲ့မို့သိပ်မနာပေမဲ့ yifanပါးဆိုနီရဲသွားရော

"ဒီပါးလေးတွေကိုရိုက်ခဲ့မိတာလား နှမြောလိုက်တာ နော်"

(မွ) (မွ)

နှမြောလိုက်တာဆိုပြီးသူ့ရှေ့ကyifanပါးတဖက်စီကိုအားရပါးရနမ်းလိုက်တယ်

Yifanကတော့အူတွေယားလို့မဆုံး
သူ့chanyeollieကအမြဲချစ်ဖို့ကောင်းနေတာကိုး

"လက်တွေဆေးရမယ် chanyeollie"

ဆော့လို့ဝတော့စာလုပ်ချိန်ရောက်ပြီမို့chanyeolကိုခေါ်ကာ bathroomထဲဝင်ပြီးဘေစင်မှာလက်ဆေးပေးရသည်

လက်လေးနှစ်ဖက်ကိုသေချာပွတ် ဆပ်ပြာထည့်ပေးတာကအစ
WuYiFanတို့CEOထက်ကောင်းတဲ့အလုပ်ရနေတာ

"မျက်နှာမှာလဲပေနေတယ်..chanyeollieအရမ်းသည်းတာပဲကွာ"

ပါးတဖက်မှာပေနေတဲ့ဂျုံမှုန့်တွေကိုပွတ်လိုက်ပြီးရေဆေးပေးလိုက်တယ်

Chanyeolကအခုထိကလေးစိတ်မပျောက်သေး ဆော့လို့ကောင်းတုန်း
Yifanပဲရင့်ကျက်လွန်းနေသလားမသိ

"မအိပ်ချင်သေးနဲ့ဦးး ရော့ သကြားလုံးစား"

ပူရှိန်းသကြားလုံးတလုံးခွာကျွေးလိုက်ပေမဲ့လဲခေါင်းကြီးအောက်ကိုငုံ့ငုံ့ကျသွားမြဲchanyeolကြောင့် yifanပြုံးမိသည်

ဆော့တုန်းကတော့မပင်ပန်းပဲ စာလုပ်ရတာတော့တော်တော်ပင်ပန်းနေပြီထင်ပါရဲ့

"Chanyeollie..."

(ဘုတ်)

စားပွဲပေါ်ခေါင်းပါမှောက်ချကာအိပ်ပျော်သွားတာကြောင့်yifanကြိတ်ရယ်လိုက်တယ်

ငယ်ငယ်ကလိုပါးကြီးကအိဖောင်းနေမြဲမို့ yifan သူ့ဘေးက မာကာတချောင်းယူကာ ထိုပါးမှာ ကြောင်နှုတ်ခမ်းမွှေးလှလှလေးဆွဲပေးလိုက်သည်

Boss Babies(Completed)Where stories live. Discover now