Boss Babies

391 63 26
                                    

<Unicode>

"မိုးရွာနေပါလား...
မိုးကာဝတ်chanyeollie"

လွယ်အိတ်ဇစ်ကိုဖွင့်ပြီးမိုးကာထုတ်မလို့လုပ်နေတဲ့Yifanလက်ကိုဆွဲပြီးခေါင်းခါပြသည့်Chanyeol

"မဝတ်ချင်ဘူး ကလေးကျနေတာပဲ"

"အဲ့ဒါဆို လမ်းလျှောက်ပြန်မလား"

မိုးကာမဟုတ်တော့လဲ ထီးပေါ့
စက်ဘီးစီးမယ်ဆိုမိုးကာဝတ်မှရမှာလေ
ခုတော့သခင်လေးကမိုးကာမဝတ်ချင်ပါဘူးဆိုတော့Yifanပဲထီးလိုက်ဆောင်းပေးရမှာပေါ့

"ပေးလေ စက်ဘီး ငါတွန်းမယ်"

"ရတယ် Chanyeollieကလွတ်လွတ်လပ်လပ်လျှောက်"

တဖက်ကစက်ဘီးကိုတွန်းပြီးတဖက်ကထီးကိုကိုင်ကာchanyeolအားဆောင်းပေးနေသည့်Yifan

သူ့ခမျာလက်နှစ်ဖက်လုံးမအားသည့်အပြင်တကိုယ်လုံးလဲမိုးရေတွေနဲ့ရွှဲနေပြီ

"Yifan..ငါ့ဘက်ပဲဆောင်းပေးမနေနဲ့လေ"

"ရပါတယ်ဆို
~ဟတ်ချိုး!"

ပြောလို့တောင်မဆုံးသေးမျက်နှာတွေနီပြီးအဖျားတက်လာတော့မယ်ပုံရှိတာကြောင့် chanyeol ထီးလုယူလိုက်ကာနှစ်ဖက်မျှရုံလောက်ဆောင်းလိုက်သည်

သူ့ကိုသာကိုင်ခိုင်းထားရင်chanyeolမိုးတစက်တောင်မစိုဖို့ပဲဦးစားပေးနေဦးမှာလေ

"ပြန်ရောက်ပြီ Ommaaရေ.."

"သားတို့ လာလာ...
yeollieကဘာလို့မိုးကာမဝတ်ရတာလဲ..fanfanကလဲ မိုးရေတွေရွှဲလို့ပါလား"

Chanyeol ommaထွက်လာပြီး သူတို့နှစ်ယောက်ကိုကြည့်တော့ fanfanရယ် ခိုက်ခိုက်ကိုတုန်လို့ Chanyeolကလဲမကျေမနပ်မျက်နှာထားကြီးနဲ့yifanကိုကြည့်နေတယ်

"မိုးကာမဝတ်ချင်လို့ ထီးဆောင်းလာတာ..yifanက သားဘက်ပဲဆောင်းပေးနေတော့သူစိုကုန်တာ omma"

"Fanfanလေး သနားပါတယ်ကွယ်..
ကဲကဲ အပေါ်တက် အကျီလဲလိုက်ကြဦးး"

သူ့သားဘယ်လောက်ဂျစ်တူးကျမှန်းသိနေတဲ့chanyeol'ommaကတော့chanyeolကိုမျက်စောင်းတထိုးထိုး

"ဟုတ်"

နှစ်ယောက်လုံးအပေါ်ထပ်ကိုအတူတူတက်သွားကြတယ် နှစ်ယောက်တခန်းသုံးတာလေ အခန်းပိုမရှိတော့လို့

Boss Babies(Completed)Where stories live. Discover now