Boss Babies

362 67 29
                                    

<Unicode>

"အဖြေက..0"

Yifan..သူ့ဘေးကသူငယ်ချင်းကောင်မလေးကိုစာရှင်းပြနေတုန်းမြောက်ကြွမြောက်ကြွနဲ့ရောက်လာတဲ့chanyeol

"Yifan...မုန့်သွားစားရအောင်"

"...စာရှင်းလို့မပြီးသေးဘူး တခြားသူနဲ့သွားလိုက်နော် chanyeollie"

မနေ့ထဲကyifanရှောင်ဖယ်ဖယ်လုပ်နေတာ မသိမသာ ကနေ အခုသိသာလာပြီ

ဘယ်သူနဲ့ပဲယှဥ်ယှဥ် chanyeolရောက်လာတာနဲ့ တခွန်းမဆိုပဲသူ့နောက်ပဲလိုက်နေကျလေ

ခုတော့သူကစေတနာအလုံးအရင်းနဲ့စာရှင်းပြတာမပျက်

"အခု ထ Wu Yi fan!!"

Chanyeolအော်သံကြောင့် အတန်းထဲကမုန့်စားနေတဲ့တချို့တောင် လန့်သွားရတယ်
Yifanစာရှင်းပြပေးနေတဲ့ကျောင်းသူလေး​အပါအဝင်

Break-timeမို့လူအစုံအလင်မရှိပေမဲ့လဲchanyeolသူ့ကိုဘယ်လောက်နိုင်ကြောင်းပြသလိုဖြစ်သွားတာကြောင့်Yifan စိတ်မကောင်း​..

အမိန့်ပေးသလိုလေသံမျိုးနဲ့ အိမ်မှာ​တောင်မပြောခဲ့​ပဲ..

Chanyeolကျတော့ဟိုနေ့ကအကြည်စိုက်နေခဲ့တာပဲမလား
Yifanအလှည့်ကျမှရိုးရိုးသားသားစာရှင်းပြတာတောင်သူကမကျေနပ်တာလား

"Yifan..Yifan!"

အခန်းထဲမှထွက်သွားသည့်Yifanခြေလှမ်းတွေကမြန်လွန်းတာကြောင့်chanyeolမနည်းလိုက်ရသည်

သူအရမ်းစိတ်တိုသွားလို့သာအော်မိတာ
Yifanဘေးနားမှာသူကလွဲပြီးဘယ်သူ့ကိုမှမရှိစေချင်

"Yifan...ငါ.ငါက.."

"အိမ်ရောက်မှပြောကြရအောင်"

Yifanကသူ့လက်ကိုကိုင်ထားသည့်chanyeolလက်ကိုအသာဖယ်လိုက်ပြီး အချိန်ပေးဖို့ပြောသည်

သူ့စိတ်ကိုအဆင်သင့်ဖြစ်အောင်လုပ်ပြီးchanyeolကိုဖွင့်ပြောတော့မယ်ထင်ပါရဲ့

သည်းခံလာခဲ့ရတဲ့အချိန်တွေမနည်း
ကိုယ်လဲမပိုင်ဆိုင် ဘေးကနေကြည့်ပြီးသူ့အနားကိုတခြားသူတွေရောက်မလာစေချင်တဲ့ အတ္တကလဲတချိန်လုံးညှင်းပန်းနေခဲ့တာ

ဖွင့်ပြောလိုက်ရင် သူမုန်းသွားမလား ဆိုတာထက်အခုအခြေအနေကိုပိုမုန်းတယ်

Boss Babies(Completed)Where stories live. Discover now