Part 4

17.2K 1.5K 63
                                    

Zawgyi
_______

*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____

အား ခေါင်းမူးလိုက်တာ မနေ့ကအိမ်ကိုဘယ်လိုပြန်ရောက်လာလဲမမှတ်မိတော့ ဟိုကောင်စုတ်လေးကရော ??တကိုယ်ရည်သန့်ရှင်းရေးလုပ်ပီး အိမ်ရှေ့ထွက်လာတော့

Tae: Arr Jungkook နိုးပီလား ခေါင်းကိုက်ပျောက်အောင် သံပရာရည်ဝယ်ထားတယ် သောက်လိုက်နော် ဟို ကျနော်လုပ်ပေးတာမကြိုက်ဘူးဆိုလို့ ဆိုင်က၀ယ်ထားတာပါ အာ့ကြောင့် ခေါင်းကိုက်ပျောက်အောင် သောက်လိုက်နော်
Jung kook: အင်း

Tae: အဒေါ်ကြီးက ဘယ်တော့လာမှာလဲဟင်
Jung kook: မနက်ဖြန်
Tae: အာ့ဆို ဒီနေ့ jungkook ထမင်းစားဖို့ ဘယ်လိုလုပ်ပေးရမလဲ ဆိုင်ကမှာပေးရမလားဟင်
Jung kook: မလိုဘူး ငါ့ဘာသာငါ ဘယ်လိုလုပ်လုပ် မင်းအပူမပါဘူး
Tae: .........

Tae လည်းမနက်အစောကြီးထပီး သူနိုးရင်သောက်ရအောင် သွားဝယ်ပေးထားလိုက်တယ် ကိုယ်လုပ်ပေးတာကိုမကြိုက်ဘူးမလား ဒီနားကိုလျှောက်ပတ်ကြည့်ရင်းပေါ့ သူထွက်လာတော့ ခေါင်းကိုက်ပျောက်အောင် တိုက်တော့ tae လုပ်ပေးတာမဟုတ်ဘူးဆိုမှပဲ သောက်တော့တယ်

ပီးတော့ သူ ထမင်းစားဖို့အတွက်မေးကြည့်တော့ မင်းအပူမပါဘူးတဲ့လေ ကိုယ်ကချစ်ရတဲ့သူမို့ ဘယ်လိုလုပ်စိတ်မပူပဲနေနိုင်မလဲ Jung kook ရယ် ၊ ပီးတော့ ကျနော်ခုထိ ဘာမှမစားရသေးဘူးရယ် မနေ့ညကတည်းက စားချင်စိတ်လည်းမရှိတာကြောင့် huu... သူနဲ့ကျမှပဲကျနော် ကိုယ့်ကိုယ်ကိုတောင် ဂရုမစိုက်နိုင်တော့ပါလား
_____________

ကျနော့်အခန်းထဲမှာပဲတနေကုန်နေဖြစ်တယ် အပြင်လည်းမသွားချင်တာနဲ့ ၊ ကြာတော့ ပျင်းလာကာ အိမ်ရှေ့ထွက်ပီး TV ကြည့်မို့လုပ်တော့ sofa ခုံပေါ်မှာ ဟိုအကောင်စုတ်ကအိပ်ပျော်နေလေရဲ့ မတော်တဆ သူ့လက်တွေပေါ်အကြည့်ရောက်မိတော့ ရှရာတွေမှ မနည်းဘူး

ဒီကောင် ဒီလောက်ဖြစ်ထားတာ ဆေးလည်းမထည့် ခံနိုင်ရည်ရှိတယ်ပေါ့ ကြည့်ရတာ မနေ့က ကျနော်ခွဲပစ်တဲ့ ပန်းကန်တွေသိမ်းရင်းဖြစ်တာနေမှာ ဒီလောက်ကိုတောင် မင်းကမမှုဘူးဆိုတော့ အာ့လောက်တောင်ပဲ ငါ့ကိုချစ်တယ်ပေါ့ kimး taehyung
___________

If I did notice my heart ( Completed )Where stories live. Discover now