Part 16

12.7K 954 95
                                    

Zawgyi
_______

*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____

Yumi : သား နောက်အပတ်ကျရင် bogum ပြန်လာတော့မယ်တဲ့ ...
V : ဟင် bogum hyung က?? ဒီအတောတွင်း ဘယ်လို ..??
Yumi : အင်း အကြောင်းစုံကို သူလာမှမေးကြည့်တော့ ပီးတော့ မင်း သူ့ကိုလက်ခံဖို့ မစဉ်းစားတော့ဘူးလား .. ဒီခေတ်ကြီးထဲမှာ bogum လိုလူကောင်းမျိုး ထပ်မတွေ့ နိုင်တော့ဘူးနော် ..

V : hyung က ဘာအပြစ်အနာဆာမှမရှိတဲ့ လူကောင်းတစ်ယောက်လေမာမီ ကျနော်နဲ့ မတန်ဘူး ..
Yumi : ဘာလို့မင်းနဲ့မတန်ရမှာလဲ အဲ့လိုပြောတာ မာမီမကြိုက်ဘူး

V : အမှန်ပဲမာမီ ကျနော်ဘယ်လောက်ပဲ ပြောင်းလဲလဲ တစ်ချိန်ကယောက်ျားတစ်ယောက်နဲ့ ယူဖူးပီး ကလေးအထိပါရခဲ့တာ ဖျောက်ဖျက်ပစ်မရတဲ့ အမှန်တရားပဲ အဲ့လို ကျနော်နဲ့ သန့်စင်လွန်းတဲ့ hyung နဲ့မတန်ပါဘူး မာမီရာ ပီးတော့ ကျနော် ထပ်မချစ်မိချင်တော့ဘူး ဘယ်သူ့ကိုမှ ...
Yumi : မာမီကတော့ မင်းလက်မခံမချင်း တိုက်တွန်းနေမှာပဲ ...
V : ကျစ်_ မာမီကကွာ ...

Bogum hyung ဆိုတာ မာမီ့ရဲ့ဝမ်းကွဲတူ ကျနော်နိုင်ငံခြားရောက်ပီး နောက်ပိုင်း မာမီကမိတ်ဆက်ပေးခဲ့သည် hyungက ငယ်စဉ်ကတည်းက မိသားစုလိုက် အဲ့နိုင်ငံမှာ အခြေချနေထိုင်ခဲ့သည်တဲ့ ကျနော့်ကိုလည်း အများကြီး ကူညီခဲ့တယ် hyung ကြောင့်သာ ကျနော်အခက်ခဲမရှိ အဆင်ပြေပြေနေနိုင်ခဲ့တာ ပီးတော့ hyung ကအရမ်းခင်ဖို့ကောင်းလှသည် ကျနော့်အပေါ်လည်း အရမ်းကောင်းလွန်းလှသည်

ကျနော့်အကြောင်းတွေလည်း အကုန်သိထားသူဖြစ်ပီး ကျနော်ကတော့အကိုရင်းတစ်ယောက်လိုခင်တယ် hyung နဲ့အတူရှိနေချိန်တိုင်း ပျော်ရွှင်ရသည် ဒါပေမဲ့ တစ်နေ့ hyung ကသူ့ဘက်မှ ကျနော့်အပေါ်ခံစားချက်ကို ဖွင့်ဟလာခဲ့သည် ကျနော်လည်းအရင်တည်းကရိပ်မိနေခဲ့ပေမဲ့ ဖွင့်ပြောလာမယ်လို့မထင်ခဲ့ .. ကျနော် အကြိမ်ကြိမ်ငြင်းခဲ့သော်လည်း hyung ကလုံးဝလက်မလျှော့ပဲ ကျနော့်ကို လိုလေသေးမရှိအောင် ချစ်ပြခဲ့သည်

If I did notice my heart ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin