Part 15

22.4K 1.4K 164
                                    

Zawgyi
_______

*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____

V : အားလုံးပဲတွေ့ ရတာဝမ်းသာပါတယ် ကျနော်က FG company ကိုဆက်လက်ဦးဆောင်သွားမယ့် ဆက်ခံသူအသစ်ပါ ရှေ့လျောက်ပိုတိုးတက်အောင်လုပ်သွားမှာပါ အခုအားလုံးပဲ party ပွဲကိုစိတ်ဝင်စားစရာကောင်းအောင် စီစဉ်ထားတာမို့ ပျော်ရွှင်စွာဆင်နွှဲနိုင်ပါပီ....

Yu mi : သား မင်းကောင်းကောင်းလုပ်ခဲ့တယ် .. တွေ့ လား မင်းကိုအားကျတဲ့အကြည့်နဲ့ ကြည့်နေကြတဲ့သူတွေ
V : တော်ပါ မာမီရယ် ဘယ်လိုကြည့်ကြည့်ပါ.. ခုတော့ party ဆိုတော့ သွားသောက်လိုက်အုံးမယ်
Yu mi : နေအုံး bt6 နဲ့သွားနှုတ်ဆက်လိုက်
V : ဘာလို့လဲ မာမီရာ ...
Yu mi : သွားပါ သူတို့တွေ နာမည်ကြီးတွေမလား လာပေးတာကို ကျေးဇူးတင်စကားတော့ပြောရမှာပေါ့ ...
V : ကောင်းပီဗျာ ....

V : hello တွေ့ ရတာဝမ်းသာပါတယ် .. ကျနော် Kim V ပါ ဒီလိုအရမ်းနာမည်ကြီးတဲ့ bts6 အဖွဲ့ က လာပေးတာ ကျေးဇူးတင်ပါတယ်
Rm : ဟင် အော် အာ ဟုတ် ဟုတ်ကဲ့ မလိုပါဘူး ဒီလိုပွဲမျိုးတက်ရတာ ဂုဏ်ယူမိပါတယ်
V : မဟုတ်တာ ကျနော်တို့က ဂုဏ်ယူရမှာပေါ့ ....ဟ ဟ ..
ဒါဆို ကောင်းကောင်းပျော်လိုက်ပါအုံးနော် ...
________________

စင်ပေါ်မှာ ယုံကြည်ချက်ရှိရှိ စကားပြောနေတဲ့ သူ ကျနော့်ရဲ့ tae ဒါပေမယ့်သူအရင်ကလို မဟုတ်တော့ဘူး ၊ ဘယ်ကနေဘယ်လို fg company ကိုဆက်ခံသူဖြစ်လာတာလဲ .. ကြည့်ရတာ သူမွေးစားခံလိုက်ရပုံပင် .. ဘာဖြစ်ဖြစ်ပါ သူကောင်းကောင်းရှိနေခဲ့ရင်ပဲ ကျေနပ်ပါပီ ... party မှာ ကျနော် သူ့ကိုပဲလိုက်ကြည့်နေမိတယ်

နောက်တော့ သူကျနော်တို့ဆီရောက်လာပီး မိတ်ဆက်သွားတယ် ကျနော်ကတော့ ဆွံ့ အနေလျက် hyung တွေလည်း တော်တော်အံ့သြနေကြသည် သူကျနော့်ကို တွေ့ တာတောင်သိဟန်မပြ မုန်းဟန်လည်းမပြ အခုမှတွေ့ ဖူးသည့်သူလို ... အရမ်းပြောင်းလဲသွားတယ် tae ရယ်

အရင်က ရိုးရိုးလေးသာနေခဲ့သောသူက အခုတော့ စတိုင်ကျကျ ဖက်ရှင်အမိုက်စားဖြင့် ၊ အရင်က ဖြူစင်ခဲ့တဲ့ အပြုံးချိုချိုတွေက အခုတော့ ဆွဲဆောင်မှုရှိတဲ့ smirk အဖြစ် ၊ အရင်တုန်းက ပြည့်ပြည့်လေးရှိသောခန္ဓာကိုယ်က အခုတော့ သွယ်လျလှပစွာ ၊ အရင်တုန်းက ရိုးအသောသူက အခုတော့ သွက်လက်ထက်မြက်ဖြတ်လတ်စွာ

If I did notice my heart ( Completed )Where stories live. Discover now