Part 13

19.8K 1.5K 157
                                    

Zawgyi
_______

*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____

At hospital

Jung kook ဆေးရုံခွဲခန်းရှေ့တွင် ဂနာမငြိမ်စွာ အခုသူ့ပုံဘယ်လိုတွေ ဖြစ်နေလဲလဲ ဂရုမစိုက်နိုင် ရောက်ရောက်ချင်းတည်းက ခွဲခန်းထဲဝင်သွားရတဲ့ taehyung ကိုသာစိတ်ပူနေသည် ကျေးဇူးပြုပီး ကိုယ်တို့ကလေးလေးဘာမှမဖြစ်ပါစေနဲ့ကွာ ... ခွဲခန်းထဲဝင်သွားတာကြာလှနေပီ ခုထိ အခြေအနေမသိရသေး

ကျနော်အရမ်းကိုကြောက်နေမိတယ် tae ကတော့ ကျနော့်ကို ဘယ်လောက်တောင် မုန်းတီးနေမလဲ ....
ထိုအချိန် daddy တို့ရော hyunsik တို့ရော hyung တို့ရော အကုန်ရောက်လာကြတယ်.. Daddy ကတော့ ရောက်ရောက်ချင်း ကျနော့်ကို ဆွဲထိုးတော့သည် နောက် hyunsik ကပါ ထပ်ထိုးတယ် ကျတော် ကျေနပ်စွာခံယူမိတယ် ...

Mr.jeon : မင်းကို ငါ့သားလို့ပြောရမှတောင် ရှက်တယ် လူကမွေးပီး လူလိုနားမလည်တဲ့ကောင် ခွေးထက်မိုက်တဲ့ကောင်....

Hyunsik : မင်းကို tae ကဘယ်လောက်တောင်ချစ်လိုက်သလဲ မင်းကတော့ အစွန်းဆုံထိ ဟာကွာ ... ကိုယ်ကလေးတောင်ကိုယ် ဂရုမစိုက်နိုင်ရအောင် အဲ့မိန်းမကို အဲ့လောက်တောင် ချစ်တယ်ပေါ့ hak... kim taehyung ရေ မင်းရဲ့ အနစ်နာခံ သည်းခံပီး ချစ်ခဲ့တဲ့အချစ်က တန်ပြန်သက်ရောက်မှုတွေလည်း ကြီးပါပေ့ကွာ ....

Jin : မင်းကွာ မင်းကို အဲ့လောက်ထိမထင်ထားဘူး Jung kook ....
Rm : မင်း ဘယ်လိုတွေဖြစ်သွားတာလဲကွာ ....
jimin : မင်းကြောင့် taehyung ဟာကွာ... မင်းအရမ်းဆိုးတယ် jungkook ရာ...

ကျနော် သူတို့ပြောလာကြသည်ကို မမှုနိုင် tae နဲ့ကလေးလေးကိုသာ စိတ်ပူနေသည် ထိုအချိန် ...
ခွဲခန်းထဲမှ ဆရာဝန်ထွက်လာပီး ...
Doc : Kim taehyung ရဲ့ လူနာရှင်....
Jungkook : ကျနော်ပါ ကျနော် .. ကလေးလေး ကျနော့်ကလေးလေး အန္တရာယ်ကင်းလားဟင် tae ရော ၂ယောက်လုံး ....

Doc : စိတ်မကောင်းပါဘူး ကျနော်တို့လည်း အတတ်နိုင်ဆုံးကြိုးစားခဲ့ပေမယ့် ကလေးကိုကယ်လို့မရခဲ့ပါဘူး လဲကျတဲ့အရှိန်ကပြင်းလို့ မွေးခါနီးနုနယ်တဲ့ကလေးက မခံနိုင်ခဲ့ပါဘူး ဗိုက်ထဲကခွဲထုတ်လိုက်တဲ့အချိန်မှာ ကလေးကအသက်မရှူနိုင်တော့ပါဘူး .....
Kim taehyung ကတော့ မေ့ဆေးကြောင့် အခုထိသတိမရသေးပါဘူး ခနနေလူနာခန်းကိုရွေ့ ပါမယ် ပီးတော့ ကလေးရဲ့ ရုပ်အလောင်းကို ခနနေတွေ့ ချင်ရင် စီစဉ်ပေးပါမယ် ....

If I did notice my heart ( Completed )Where stories live. Discover now