Part 18

10.2K 675 109
                                    

Zawgyi
_______

ကျနော် မနေ့က jeon jungkook ဆိုတဲ့သူဆီကပြန်လာပီးတည်းက သူ့ဆီထပ်မသွားတော့ ၊ တော်တော် လက်ရဲဇက်ရဲနိုင်လွန်းသည် ၊ ဒါပေမယ့် ကျနော် သူ့အပေါ်နဲနဲတော့ အမြင်ကြည်လာပီဖြစ်သည် ၊ မနေ့က သူ့ဆီကအပြန် ကားပါကင်တွင် jin hyung နဲ့တွေ့ ခဲ့ပီး အရင်တုန်းက ကျနော့်ကလေးလေးပျက်ကျတဲ့နေ့က ကျနော်တွေ့ လိုက်ရတာဟာ တကယ်မဟုတ်ကြောင်း လုပ်ကြံခံရတာဖြစ်ကြောင်း iu noona နဲ့လည်း ဘာမှမပတ်သတ်ကြောင်း ရှင်းပြခဲ့တယ် ၊

ဒါဆို သူမဖောက်ပြန်ခဲ့ဘူးပေါ့ ... ဘာလို့မှန်းမသိ ယုံကြည်ချင်သည် .. မဟုတ်မှ ကျနော့်ရဲ့မသိစိတ်က သူ့ကိုပြန်လက်ခံချင်နေသည်လား .. သူနဲ့ပတ်သတ်တဲ့ ခံစားချက်တွေ ကျနော်မသိတဲ့ အနက်ရှိုင်းဆုံးနေရာမှာ ကျန်နေသေးတာများလား ... ရူးနေလား Kim V ရေ ....ဆက်မတွေးချင်တော့ .. စိတ်တွေ အရမ်းရှုပ်လာ၍ club မှာ သွားသောက်နေလိုက်တော့တယ် ...

သို့သော် အတွေးထဲဝင်လာသည်က ထိုလူ ဆေးရောသောက်ရဲ့လား အဖျားရောသက်သာသွားပီလား
မနေနိုင်တော့တာမို့ နောက်ဆုံး ခနလေးတော့ သွားကြည့်ရန်ဆုံးဖြတ်ပီး သူ့ဆီထွက်လာခဲ့လိုက်တယ်...
သူ့တိုက်အောက်ရောက်တော့ ကားပေါ်မှာထိုင်ပီး အပေါ်တက်ဖို့ တွေဝေနေမိသည် သူကတစ်မျိုးထင်သွားရင်ရော ဟာ .. ကျစ် ထင်လည်းထင်ပေါ့ တက်သွားလိုက်တော့မည် ...

တွေးနေတုန်းမှာပင် ဆင်းလာတဲ့ သူ့ကိုတွေ့ လိုက်ရတယ် ပုံကတော့ ဖြူဖက်ဖြူရော်ဖြင့် နေမကောင်းသေးဘူးထင်ပ အိမ်နေရင်းအကျီဖြင့် ကျနော့်ကားကိုကျော်ပီး တိုက်အပြင်ဘက်ကို ထွက်သွားသည် ကျတော်မနေ့ကမှ ကားအသစ်ပြောင်းထား၍ ကျနော်မှန်းသူသိမှာမဟုတ် ..

ကြည့်ရတာ အနီးနားမှာ တစ်ခုခုသွားဝယ်သည်ထင် .. သူမလာခင် ကျနော်အရင်တက်သွားပီး စောင့်နေရင်ကောင်းမလား မဟုတ်သေးဘူး သူလာမှပဲ သူနဲ့အတူတူတက်သွားတော့မယ် ဟုတွေးထားလိုက်ပီး သူလာမှာကို ကားထဲကနေ စောင့်နေလိုက်တယ် .... နေမကောင်းတာကို အပြင်ကို ဘာထွက်လုပ်လဲမသိ ..

နည်းနည်းကြာတော့ သူပြန်လာတာကို တွေ့ လိုက်ရသည် သို့သော် သူတစ်ယောက်တည်းမဟုတ် iu noona နှင့် ၊ ဘာလဲ သူတို့က ၊  သူတို့၂ယောက် ရယ်ပြုံးကာ စကားပြောရင်း တိုက်ပေါ်သို့ အတူတူတက်သွားကြသည် ဘာလဲ အဲ့ noona ကိုအပြင်မှာသွားကြိုလာခဲ့တာလား ဒီလောက်နေမကောင်းတာကိုတောင်...ပီးတော့ အပေါ်ကိုတူတူတက်သွားတယ်ဆိုတော့...

If I did notice my heart ( Completed )Where stories live. Discover now