Unicode 5

594 61 0
                                    

"Sehun Junလေးအနားကပ်ပါဦးဟ "

စိတ်မရှည်သလို အော်ပြောလာတဲ့ ဦးလေးChanyeol

အင်းလေ ဘယ်စိတ်ရှည်ပါ့မလဲ. . ဒီလို
ဆောင်းတွင်းမနက်ခင်းကြီးမှာ. . .  Weeding photo
ရိုက်ပေးနေတဲ့သူရော ရိုက်ခံနေရတဲ့သူတွေရော. .
မီးထိုးပေးတဲ့သူတွေကအစ အေးခဲနေတဲ့ရာသီဥတုကို
အံမတုနိုင်. . . . မေးတရိုက်ရိုက်နဲ့သာ. .ကိုယ့်တာဝန်ကို
လုပ်ဆောင်နေကြရတာ. . . .။

"Yarr! Ooh Sehun ငါ စိတ်မရှည်တော့ဘူးနော်. .
Jun လေးရဲ့ခါးကို အနောက်ကနေသိမ်းဖက်ပြီး. .
camera ဘက်ကိုနောက်ကျောပေးထားရုံပါပဲဆို. .
မင်းတို့နှစ်ယောက်အပေါ် မက်မွန်ပွင့်ဖက်လေးတွေက
ကြွေကျနေတာ ဘယ်လောက်လှလဲ. . . "

Junmyeon တို့အနားထိလာပြီး.....ဆူပူနေတော့မှ. .
မကြည်မသာ မျက်နှာနဲ့. . Junလေးရဲ့ခါးဆီ. .ဦးရဲ့. .
လက်အစုံက တိုးဖက်လာတယ်. . . .

"ရပြီလား! Hyungကလေ အရမ်းအပိုလုပ်တာ. . "

မကျေမနပ်စောဒတက်နေတဲ့ဦးကို ဦးလေးChan က
မျက်မှောင်ကုတ်ကြည့်လာပြီး. . .

"ဟေ့ကောင်! Weeding photo ရိုက်နေတာကွ
ပုံမှန်selfi ဆွဲတာမျိုးမှတ်မနေနဲ့. .ပြီးတော့ ဒီပုံတွေ
ရိုက်ပေးချင်လို့ရိုက်ပေးတာမဟုတ်ဘူး. . မင်းကိုငါ
လက်ဖွဲ့ပေးစရာ ငွေအလုံအလောက်မရှိလို့. . .
ဒီလောက်သည်းခံရိုက်ပေးနေတာ. . .မရှည်နဲ့. .
ငါခိုင်းသလိုလုပ်!. . ."

ဦးလေးChan အနားကပြန်ထွက်သွားတော့မှ. . .

"ဒီလိုပုံမျိုးဆက်ဆံမှတော့. . ဓာတ်ပုံရိုက်ဖို့ဘယ်သူက. .
သူ့ကိုလာကမ်းလှမ်းရဲပါ့မလဲ. . . "

မကျေမနပ်ပွစိပွစိပြောနေတဲ့ ဦး က အခုချိန်မှာတော့. .
ငါးနှစ်သားလေးအလား. . . ..

သူမထင်ခဲ့ဘူး. . . အမြဲလိုလိုရင့်ကျက်တည်ငြိမ်နေတဲ့
ဦး ဆီမှာ အခုလိုကလေးဆန်မှုလေးတွေရှိနေမယ်လို့. . .။

ဦး ရဲ့ကလေးဆန်မှုတွေကို ငေးမောနေတဲ့. . .
Junmyeon ရဲ့မျက်နှာထက်မှာ. . .
အပြုံးတွေဖြစ်တည်နေမှာအသေအချာ. . .

"ပြီးသွားပြီ. . ဒီဓာတ်ပုံတွေမင်္ဂလာပွဲအမှီ ရအောင်
ငါလုပ်ပေးထားမယ်. . . "

နာကျင်ခြင်း၏ ကြင်နာခြင်း(HunHo)Where stories live. Discover now