Unicode 33

727 59 1
                                    

ဒီနေ့မှ ရာသီမဟုတ်ပါပဲ တဖြောက်ဖြောက်
ရွာနေသည့်မိုး. . . .

မနက်ကတည်းကရွာနေခဲ့တာ အခု ညနေစောင်း
သည်ထိပင် တိတ်မယ့်ဟန်မပြ

ကားကလဲနေ့လည်ကတင် အသုံးမကျတဲ့
အတွင်းရေးမှူးလက်ထောက်ကြောင့်
ပြင်ဆိုင်ပို့ထားလိုက်ရသည်

အိမ်ကိုTAXI နှင့်ပဲ ပြန်ရမည်ပေါ့

ဒါကကိစ္စမရှိ။ Junလေးကို ကျောင်းသွားကြိုဖို့
တွေးထားတဲ့ စိတ်ကူးလေးသာ ပျက်သုဉ်းသွားရပြီ

"သူေဋ္ဌး ပြန်တော့မှာလား မိုးကရွာနေတုန်းပဲ
အငှါးကားနဲ့သွားရင် မိုးမိမယ်ထင်တယ်. . . "

ရုံးခန်းထဲကထွက်လာသည်နှင့်အနားကပ်ပြီး
တတွတ်တွတ်ရွတ်နေတဲ့ အတွင်းရေးမှူးကို
လက်ကာပြဖြစ်သည်

"ရတယ် ငါ့ဘာသာငါပဲ ပြန်လိုက်မယ်. . . "

သူပြောလိုက်မှခေါင်းလေးငြိမ့်ပြီး တကြည့်ကြည့်
လုပ်နေသေးတာမို့

"မင်း ပြောစရာရှိလို့လား. . . . "

"ဟုတ်.ဟို မမလေးJumi ရောက်နေတယ်
သူေဋ္ဌး. . . "

"Jumi? ကျစ် * ဘယ်မှာလဲ "

"ဦး အလုပ်ပြီးသွားပြီလား ~~ "

ချိုအီအီအသံလေးရဲ့အဆုံးသတ်မှာ
သူ့ရဲ့လက်မောင်းကို လက်ချောင်းတချို့က
တွယ်ဖက်လာသည်

"မိုးလဲရွာနေတော့လေ ဦး ကော်ဖီဆိုင်
မလာနိုင်လောက်ဘူးဆိုတာသိလို့ company
လိုက်လာခဲ့တာ~ အခု ဦး လဲ အလုပ်ပြီးပြီဆိုတော့
အရင်ဆုံးကော်ဖီသွားသောက်ရအောင် နော် ဦး "

"Jumi ကိုယ် မလိုက်ချင်ဘူး လိုက်ဖို့လဲ
မသင့်တော်ဘူးလို့ထင်တယ် "

လက်ချောင်းများဆီမှရုန်းထွက်ရင်း
ပြောမိတော့ သူ့ကိုမော့ကြည့်လာတဲ့
အံ့သြ သွားဟန် မျက်လုံးတွေ

ထိုမျက်ဝန်းတွေနှင့်ဆုံလိုက်မိသည်နှင့်
မျက်လုံးထဲ ဖြတ်ခနဲ မြင်ယောင်လာတာက
မျက်ရည်ကြည်လေးတွေနဲ့သူ့ကိုငေးကြည့်နေတတ်တဲ့ Junလေးရဲ့ မျက်လုံးဝိုင်းလေးတွေ

ဟုတ်တယ်. . .သူ ပြတ်ပြတ်သားသား
လုပ်သင့်နေပြီ။

"ဘာကိုမသင့်တော်တာလဲ!! ဘာလဲ
Kim Junmyeon က ဦး ကို Jumi နဲ့
မပက်သက်ဖို့တားမြစ်နေလို့လား!!! "

နာကျင်ခြင်း၏ ကြင်နာခြင်း(HunHo)Where stories live. Discover now