Unicode 18

622 51 0
                                    

နောက်ဆုံးအတန်းချိန်ပြီးတော့မယ့်အချိန်ထိ
ဦး က message ပို့မလာတာကြောင့်. . .

ကိုယ့်ဘာသာပဲပြန်ရမလား. . .
ဦး ကိုပဲစောင့်နေရမလား Junmyeon မသဲကွဲ. .

"Junmyeon မင်း လွယ်အိတ်ထဲ ငါ့စာအုပ်
ပါသွားလားလို့ ကြည့်ပေးစမ်းပါ. . . "

အပူတကြီး လာမေးနေတဲ့ Baekhyun ကို
Junmyeon အံသာကြိတ်ပြလိုက်တယ်.

"ရော့. .ကိုယ့်ဘာသာရှာ. .ဘယ်တော့မှ
စည်းကမ်းမရှိဘူး မင်းက. . . "

ပွစိပွစိ ပြောရင်း လွယ်အိတ်ပစ်ပေးလိုက်တယ်

ဦး စိတ်ဆိုးသွားပြီထင်တယ်. . .
တစ်နေ့လုံးလဲmessageမပို့ဘူး. .
အရင်က အချိန်တိုင်းmessageပို့တယ်တော့
မဟုတ်ပေမယ့်. .အခုလိုအတန်းချိန်ပြီးတော့မယ့်
အချိန်ဆို. .လာကြိုမယ် မကြိုဘူး. .
message တော့ပို့လေ့ရှိတယ်. . .

ဖုန်းကိုဖွင့်ကြည့်လိုက် သက်ပြင်းချလိုက်လုပ်နေတဲ့
Junmyeon ရဲ့အပူကို Baekhyun ကရိပ်မိပုံမပေါ်. .

"Yahh Kim Junmyeon အကျင့်ပုပ်ကောင်! "

သူ့အသံစူးစူးကိုမှအားမနာ အနားကပ်အော်နေတဲ့
Baekhyun ကိုဘုကြည့်ကြည့်ပြီး. . .

"Wae. .ဘာလဲ. .ငါဘာအကျင့်ပုပ်လို့လဲ. . "

"ဒီမှာလေ! "

Baekhyun ကလွယ်အိတ်ထဲကစာရွက်ပိုင်း
နှစ်ခုကို ဆတ်ခနဲ ထုတ်ပြီး ပြတယ်. .

"ဘာကြီးလဲအဲ့ဒါ. .ဟမ်. .ဟိုနာမည်ကြီးနေတဲ့ပြဇာတ်
လက်မှတ်. . . "

"အေး. .အဲ့ပြဇာတ်လက်မှတ် ငါ့ကိုမင်းပြောတော့
ပြဇာတ်လက်မှတ်ကရောင်းကုန်သွားတာဆို. . . "

"အေးလေ. .တကယ်ပြောတာ. .ငါသွားဝယ်တုန်းက
တစ်စောင်မှကိုမရတာ. . . "

"မသိဘူး. .ငါသိတာမင်းလွယ်အိတ်ထဲ
ဒီလက်မှတ်နှစ်စောင်ရောက်နေတာပဲ. . .
အမယ် ရိုးရိုးတန်းတောင်မဟုတ်ဘူး
VIP တန်းကလက်မှတ် "

"အမ်. .ဟုတ်လား. . . "

Junmyeon ပြောရင်း လက်မှတ်ကိုဆွဲယူတော့
Baekhyun ကလွှတ်မပေး ပြန်လုသွားတယ်. . .

"အေးဟုတ်တယ်. .ငါလဲဒီညအားတယ်ဆိုတော့. .
မင်းနဲ့ငါ ဒီပြဇာတ်သွားကြည့်ရအောင်. . . "

နာကျင်ခြင်း၏ ကြင်နာခြင်း(HunHo)Where stories live. Discover now