Unicode 12

638 58 2
                                    

တစ်ပတ်ကျော်သွားတာသုံးလေးရက်
ရှိသည့်တိုင်ပြန်မလာသေးတဲ့ဦး. . . .

ပြန်မလာဖြစ်ရင်မလာဖြစ်တဲ့အကြောင်းတော့
လှမ်းပြောသင့်တယ်မလား ဦး ရာ. . . .

ီူ"အစ်ကိုလေး ကျွန်မဈေးသွားတော့မယ်နော် "

ဈေးအိတ်ကိုင်ဆွဲ ပြီး ခွင့်တောင်းသလို
ပြောနေတဲ့ အဒေါ်ကြီးကိုခေါင်းငြိမ့်ပြမိတယ်. . .

ဦးသွားပြီးနှစ်ရက်အကြာ Junmyeon တို့
တိုက်ခန်းအနားမှာ လုယက်မှုဖြစ်လို့ အဒေါ်ကြီးက
စိတ်မချလို့ပါဆိုကာ. .အိမ်ကိုလာနေပေးသည်. . .

အဒေါ်ကြီးရှိရင် အထီးမကျန်ရတာမို့ Junmyeon လဲ
လက်ခံမိတယ်. . . .

အဒေါ်ကြီးလဲ ဈေးသွားပြီဆိုတော့
Junmyeon ကျောင်းသွားဖို့ပြင်ရတော့တယ်. .

ပုံမှန်ထက်စောသေးပေမယ့် တစ်နေရာကို
ဝင်ချင်စိတ်ကြောင့် အိမ်ကနေစောထွက်ဖို့တွေးခဲ့တယ်
အတန်းတော့မလစ်ရဲ. .အထက်တန်းနှစ်ကစပြီး ဦး
သူ့ကိုတင်းတင်းကြပ်ကြပ်ဆုံးမတဲ့အချက်တွေထဲမှာ
အတန်းမလစ်ဖို့အချက်ကထိပ်ဆုံးကပဲလေ. . . .။

Loey Photographer

အနည်းငယ်ဖုန်ထပြီးစောင်းနေတဲ့
ဆိုင်းဘုတ် ကို သေချာဖတ်ပြီး အခန်းငယ်ထဲ
ဝင်သွားမိတယ်. . . .

Loey ဆိုတာ ဦးလေးChanပဲ ဆိုပြီး ဦးတစ်ခါပြောဖူးသည်. . . .

အခန်းထဲဝင်ပြီးပြီးချင်း Setting သဘောမျိုး
နေရာမှာ ခပ်မိုက်မိုက် အမျိုးသမီးတစ်ယောက်က
pose ပေးနေသည်

ထိုအမျိုးသမီးရဲ့ဟန်ပန်အမျိုးမျိုးကို
ကင်မရာတစ်လုံးနဲ့ ပုံရိပ်တွေကိုဖမ်းယူနေသူမှာ
ဦးလေးChan ဖြစ်နေတာကြောင့်
Junmyeon လွတ်ရာခုံတစ်ခုမှာ ဝင်ထိုင်ရင်း
စောင့်နေမိတယ်

အကုန်လုံးအလုပ်ရှုပ်နေကြတာပဲ. . . .

သူ့ကိုမမြင်ပဲ မော်ဒယ်အမျိုးသမီးကို pose
အမျိုးမျိုးသင်ပြနေတဲ့ ဦးလေး Chan ကိုကြည့်ရင်း
ခေါင်းထဲ ဦး ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို ရုတ်တရက်
သတိရမိသွားသည်. . .

Chanyeol hyung စိတ်ရှည်တာ
သဘာဝရှုခင်းတွေနဲ့ခပ်လန်းလန်းအမျိုးသမီးတွေပဲရှိတယ်

နာကျင်ခြင်း၏ ကြင်နာခြင်း(HunHo)Where stories live. Discover now