Unicode 11

632 54 0
                                    

တရုတ်မှာရင်းနှီးမြုပ်နှံမယ့်ကိစ္စအမှားအယွင်း
ဖြစ်၍ မနေ့ညက Sehun အိမ်မပြန်နိုင်. . . .။

Junmyeon ဆီဖုန်းလှမ်းဆက်ဖို့တွေးမိပေမယ့်. .
်အကြောင်းအရင်းရေရေရာရာမရှိတဲ့အနေခက်မှုကြောင့်
ဖုန်း မဆက်လိုက်ရ

မနက်စောစောစီးစီးအိမ်ပြန်ရောက်မှ Junmyeon
ရဲ့အခန်းထဲဝင်ကြည့်မိတယ်. . . .

အိပ်ရာထက်အပူအပင်ကင်းစွာအိပ်ပျော်နေသူ. . .
တစ်ညလုံးငိုများထားလားမသိ. . . . မျက်လုံးများကဖောင်းအစ်လို့. . .

ရုတ်တရက်ဆန်တဲ့ကိစ္စတွေသာဖြစ်ပျက်မသွားခဲ့ရင်. . .
အခုချိန်Junလေးနဲ့သူကြား အနေခက်မှုတွေရှိနေမှာမဟုတ်

အစက ကံကြမ္မာပါပဲလို့တွေးပြီး Junmyeon နဲ့
လက်ထပ်ဖို့ကိစ္စကိုလက်ခံဖို့ ဆုံးဖြတ်ခဲ့တယ်. . .

Jumi နဲ့ကော်ဖီဆိုင်မှာချိန်းပြီး ခဲအိုနဲ့ခယ်မ
ဆက်ဆံရေးပဲ ဆက်ဆံကြရအောင်လို့ပြောတော့. . .

စိတ်တိုသွားပုံရတဲ့Jumiက စာအုပ်တစ်အုပ်
သူ့ကိုပေးတယ်. . . ပြီးတော့ပြောခဲ့တာက. . .
အရာအာလုံးကြိုတင်ကြံစည်မှုတဲ့. . .

မယုံနိုင်စွာပဲ Junmyeon က သူ့ကိုချစ်နေသေးတယ်တဲ့

စာအုပ်ဖတ်ကြည့်ချိန်မှာအားလုံးသိလိုက်ရတာမို့
Sehun ဒေါသတွေထိန်းမရ. . . .

သူသိပ်ချစ်ရတဲ့Jumiနဲ့သူ့ကြားဝင်လာတဲ့သူက
Junလေးဖြစ်နေမယ်လို့ သူမတွေးခဲ့ဖူး. . . .

ဖြစ်စရာအကြောင်းအရင်းမှလဲမရှိခဲ့ပဲလေ. . .
Junလေးဆိုတာသူ့ညီမကိုသိပ်ချစ်တဲ့သူ. . .
ဒီလိုလုပ်ရပ်မျိုးလုပ်တယ်ဆိုတာယုံနိုင်ဖွယ်မရှိ. . .

Junmyeon ကို ပစ်ပစ်ခါခါဆက်ဆံချင်ပေမယ့်လဲ
ငယ်ငယ်ကတည်းကကိုယ့်လက်ပေါ်ကြီးခဲ့တဲ့ကလေးမို့ သူ ငိုနေတာ စိတ်မကောင်းဖြစ်နေတာတွေ မြင်ရတော့လဲ. . .
ရင်ထဲမကောင်း. . . . .

ငါ မင်း ကိုခွင့်လွှတ်မပေးချင်ဘူး Junလေး. . . .

အခုမနက်လဲ တရုတ်ကို အလုပ်ကိစ္စနဲ့တစ်ပတ်နီးပါး
ခရီးထွက်ရမည်. . . .
သူ Junmyeon ကိုပြောသွားရမည်လား. . .

အိပ်နေဆဲ ဖြစ်တဲ့ Junmyeon ကိုကြည့်ရင်း
သက်ပြင်းသာခပ်ယဲ့ယဲ့ချမိတော့တယ်. . . .

နာကျင်ခြင်း၏ ကြင်နာခြင်း(HunHo)Where stories live. Discover now