Unicode 30

716 56 1
                                    

"Junလေး. . . . "

သူခေါ်လိုက်မှပင် ကားမှန်ကိုမှီနေတဲ့
Junလေး က မျက်လုံးများကမှေးမှိတ်သွားတယ်

အင်း. .အခုထိလဲ hyungနဲ့ သူ
ဘယ်လိုပြဿနာတက်သွားတာလဲ
Sehun မသိရ

ဟင်းခနဲ သက်ပြင်းချပြီးJunလေးကို
တစ်ဖန်ပြန်ကြည့်မိတယ်

ပါးဖြူဖြူလေးပေါ်မှာ ညိုမဲစွဲနေတာလေးက
မျက်လုံးထဲထင်းခနဲ

နှုတ်ခမ်းရဲ့ဘယ်ဘက်အစွန်းလေးက
သွေးစိမ့်ထွက်နေဆဲ ဒဏ်ရာလေး

"ဘာတွေများသွားပြောလိုက်လို့လဲကွာ "

နှုတ်ကရေရွတ်ရင်း တစ်ရှူးစလေးနဲ့
သွေးသုတ်ပေးဖို့ကြံရွယ်မိတယ်

သို့သော် တစ်ရှူးကိုင်ထားဆဲ
သူ့ရဲ့လက်ချောင်းတို့က Junလေးရဲ့
နှုတ်ခမ်းပါး အနား ထိကပ်မည့်ဆဲဆဲမှာ
ရပ်တန့်သွားရတယ်

အကြောင်းမှာ အဆမတန်အခုန်မြန်နေတဲ့
ဘယ်ဘက်ရင်ခွင်ထဲက နှလုံးသားကြောင့်

ဘာဖြစ်နေတာလဲ! ဒါလေးကို
စိတ်ထိန်းစမ်း!!

ရင်ဘက်ကိုလက်နဲ့ပုတ်ပြီးစိတ်ထိန်းနေဆဲမှာပင်
Junလေးရဲ့နှုတ်ခမ်းအနားတိုးကပ်သွားမိတာ
လက်ထဲက တစ်ရှူးစ မဟုတ်ပဲ သူ့ ရဲ့
နှုတ်ခမ်းဖြစ်နေသည်

ရဲတဲတဲနှုတ်ခမ်းလေးရဲ့အထက်က
မွှေးညှင်းလေးတွေက ရင်ခုန်သံတွေကို
ပို၍ ပို၍ မြန်ဆန်လာစေတယ်

ခြောက်သွေ့နေတဲ့နှုတ်ခမ်းကို
လျှာနဲ့တစ်ချက်သပ်လိုက်ပြီး
ရှေ့ဆက်တိုးနေမိတာ နှုတ်ခမ်းတစ်စုံနဲ့
နီးကပ်လာသည်အထိ

နှုတ်ခမ်းနှစ်ခုထိလုဆဲအချိန်မှာ
ဖြတ်ခနဲပွင့်လာတဲ့ မျက်လုံးဝိုင်းလေး

ဝုန်းခနဲ ကိုယ်ကိုနောက်ဆုတ်လိုက်မိတယ်

"အဟမ်း. . . "

အထူးအဆန်းကြည့်နေတဲ့ မျက်လုံးဝိုင်းလေးနဲ့
ရင်မဆိုင်ရဲစွာ ဟိုဟိုဒီဒီကြည့်နေမိရင်းမှပင်
သူ့ရဲ့ မျက်လုံးတို့က Junလေးရဲ့
မျက်နှာလေးကို တစ်ချက်တစ်ချက်
ငေးနေမိသေးသည်

"ဟင် အခုထိ ဒီမှာပဲလား. . . "

အေးစက်နေတဲ့လေထုကိုဖြိုခွင်းသွားတဲ့
တိုးဖျဖျလေသံလေး

နာကျင်ခြင်း၏ ကြင်နာခြင်း(HunHo)Where stories live. Discover now