The Male Empress SS2 (6)

610 53 0
                                    

Zawgyi

Monနဲ့စကားပြောနေတုန်း အနားမှာ အတင်းတုတ်နေတဲ့ လူတွေကိုလှည့်ကြည့်လိုက်တယ် သူတို့အဝတ်အစားအရ သူတို့လည်း မင်းသားဆိုတာ Jinသိလိုက်တယ်

"သူကမျိုးမစစ်ကောင်လေ ဘယ်ဥကပေါက်မှန်းမသိတဲ့ကောင်

"အခုလည်းကြည့်ပါလား ဒီတိုင်းပြည်ရဲ့မင်းသားကိုမြူဆွယ်နေတာ

"မင်းတို့လည်းသတိထားနေနော်

"ဟေ ဘာဖြစ်လို့လည်း

"သူ့အဖေက ယောကျာ်းချင်းယူထားတော့ သူ့သားလည်း ယောကျာ်းချင်းကြိုက်ရင်ကြိုက်နေမှာ မင်းတို့အခန့်မသင့်ရင် သူ့ရဲ့ မှော်အတက်ကြားထဲရောက်သွားမယ်

"ဟားဟား ဟားဟား

"သတိထားပြောကြပါကွာ သူ့ကိုမွေးတဲ့လူ မှော်အတက်နဲ့ အချစ်တော်ဘဝက ဧကရီဖြစ်သွားတာနေမယ် တော်ကြာ ငါတို့အမှန်တရားတွေပြောလို့ ကျိန်စာတိုက်ပြီး သတ်နေပါဦးမယ်ကွာ

"သူ့မယ်တော်က မှော်တက်မတက်တော့ငါမသိဘူး သေချာတာတော့ ဘယ်လောက်တောင် အပြုအစုကောင်းလည်းမသိဘူး သူ့ခမည်းတော်က

*ဖောင်း

မင်းသားအချင်းချင်းလှောင်ပြောင်ခံရတာမို့လို့ Wen Chengရဲ့သားတော်ပြီပြီ စကားထက် လက်ကအရင်ပါတော့တယ်

အရင်ဆုံး ရန်စကားပြောတဲ့ မင်းသားကိုဆွဲထိုးလိုက်တော့ သူလူတွေကပါ လန့်ကုန်ပြီး ထိုးပွဲဖြစ်သွားတော့တယ် အကူအညီရတဲ့ Monကတော့ ဆရာတွေကိုသွားခေါ်လေရဲ့

.
.
.

"အခုမှ ပညာသင်ကာလ ၁လပဲရှိသေးတယ် ရန်ဖြစ်နေကြပြီ ဘယ်သူစရန်ဖြစ်တာလည်း

"သူပါ

အထိုးခံရတဲ့ မင်းသားတွေက Jinကိုလက်ညှိုးထိုးပြတယ်

"အိမ်ရှေ့စံ Jin အိမ်ရှေ့စံတပါးဖြစ်ဘူး ဘာလို့ တဖက်သားကို ရန်စထိုးရတာလည်း

The Male Empress Season 2Where stories live. Discover now