The Male Empress SS2(9)

626 59 4
                                    

Zawgyi


တိုင်းပြည်ကို မိဖုရား LiLi နဲ့ စစ်သူကြီး Zi Xie ကိုသာ ယာယီ အာဏာလွှပေးခဲ့တယ် Qingက ဒေါသကြီးတဲ့ Wenကိုထိန်းဖို့လိုက်ခဲ့ရတယ်

"Wen~

"ဟင် ပင်ပန်းလို့လာ မလိုက်လည်းရတာကို

"ရပါတယ် အကယ်၍ ဟိုရောက်လို့သားတော်ကို အပြစ်ပေးမယ်ဆိုရင်တောင် သားအစား ကျွန်တော်ခံပါရစေ

"Qing~ ကိုယ်တော့နှလုံးသားလေ ~ မင်းသားတော် Jinကိုကာကွယ်ပေးနေလို့မဖြစ်ဘူး သူက ဘုရင်ဖြစ်မယ့်လူ ဒီလောက်ကတော့ အပြစ်ခံသင့်ပါတယ် အဲ့ဒါမှ သူဘယ်စကားတွေကပြောသင့်တယ် ဘယ်ဟာမပြောသင့်ဘူးဆိုတာသိမှာ

"အဲ့လိုဆိုပေမယ့် ကျွန်တော် Wenနဲ့သားတော်ကိုအမုန်းမပွားစေချင်ဘူး

"အမုန့်ပွားတယ်? ကိုယ်တော်တို့ကရန်သူမှမဟုတ်ဘူး Qingရာ

"ဒါပေမယ့် ကလေးဆိုတော့ သူ့ကိုရိုက်တာကို အငြိုးထားမှာဆိုးတယ်

"... Qingကအတွေးလွန်နေတာပါ သားတော်ကအဲ့လိုမဟုတ်ပါဘူး

"ကျွန်တော်က ကျွန်တော်တို့မိသားစု  ပြန်ပြီးစည်းလုံးစေချင်တယ် ရန်မဖြစ်စေချင်ဘူး အဲ့ဒါကြောင့် သားတော်ကိုရိုက်မယ်ဆိုရင်တောင် သားတော်အစား ကျွန်တော့ကိုပဲရိုက်ပါ

"ဒါပေမယ့် Qingကိုကိုယ်တော်မရိုက်ရက်ဘူး

"ဘာမှမဖြစ်ပါဘူး Wen ကချစ်လို့ရိုက်တာပဲကို

"ဟိတ်! ပေါက်ကရ

"ဟမ် ကျွန်တော်ပြောတာ သားတော်အစားအပြစ်ခံရင်ရိုက်ခံရတာကိုပြောတာလေ

"အဟမ်းမသိဘူးလေ ကိုယ်တော် အဟမ်း

Wenပြောနေတဲ့စကားရဲ့ အဓိပ္ပာယ်ကို Qingနားလည်ပြီးတဲ့နောက် နားရွက်တွေဟာနီသွားတော့တယ်

"ကိုယ်တော့ Qing လေးက တခုခုဆို နားလည်တာနောက်ကျလွန်းတယ်

"တော်ပြီ လမ်းခရီးနော် အဟမ်း ဂရုစိုက်

"နှလုံးသားလေးရဲ့ အမိန့်အတိုင်းပဲ

Qingမျက်စောင်းထိုးကာ အရှေ့လှည့်ထိုင်လိုက်တယ်

The Male Empress Season 2Where stories live. Discover now