The Male Empress SS2 (10)

650 53 6
                                    

"(ခမည်းတော်ကော မယ်တော်ကော ဘာလို့မထွက်လာသေးတာလည်း အသံလည်းမကြားရတော့ဘူး မဟုတ်မှ ခမည်းတော်လက်လွန်ပြီးမယ်တော်!! မဖြစ်လောက်ပါဘူ)

Jinတယောက် အဆောင်အပြင်မှာ သူ့မယ်တော်ကိုသာ စိတ်ပူနေတော့တယ်

⚜️The Male Empress SS2⚜️

နောက်တနေ့နံနက်ထိ ဇွဲကောင်းသော ဒူးထောက်နေတဲ့ အိမ်ရှေ့စံJinသီတင်းဟာ နန်းတော်တခုလုံးပြန့်နှံ့ကုန်တော့တယ် အပြစ်လုပ်ထားတဲ့ကျောင်းသားတွေရဲ့ အုပ်ထိန်းသူတွေကလည်းဘသူတို့ကလေးတွေကိုဆူပူကြိမ်းမောင်းကြတော့တယ်

"မင်းတို့ အိမ်ရှေ့စံJinကိုပြန်သွားတောင်းပန်ကြ!! ခွင့်မလွှတ်မချင်းပြန်တောင်းပန်

"ဘာလို့လည်းဗျာ? မကောင်းဆိုးဝါးကောင်ကိုမတောင်းပန်နိုင်ဘူး!!

"အေး မင်းတို့ပြောတဲ့ အဲ့အိမ်ရှေ့စံရဲ့ ခမည်းတော် ဘယ်လောက်ကြမ်းတယ်ဆိုတာ မင်းတို့သီတင်းကြားတယ်မလား သူချစ်တဲ့ ဧကရီကိုလည်း အပြစ်ပေးတာ ဆူညံနေတာပဲ သားဖြစ်သူအိမ်ရှေ့စံကိုလည်း အဆောင်အပြင်မှာတညလုံးဒူးထောက်ခိုင်းတယ် ဒါတောင်သူချစ်တဲ့လူနဲ့ သူ့သွေးသားနော် မင်းတို့ကိုဆိုလို့ကတော့ သတ်ပြစ်လိမ့်မယ်

ကျောင်းသားတွေလည်း သူတို့လည်ပင်းသူတို့ကိုင်ကာ ကြောက်ကုန်ကြတယ်

"အဲ့...အဲ့ဒါဆို ကျွန်တော်တို့သွားတောင်းပန်ရမှာပေါ့

ကလေးတွေပြီပြီ မိဘတွေခြောက်လှန့်တာနဲ့ ကြောက်သွားကြတယ် မိဘတွေရဲ့စိတ်ထဲမှာတော့

"(သူတို့တောင်းပန်မှဖြစ်မယ် ငါတို့ Hanတိုင်းပြည်ရဲ့ရန်သူမဖြစ်ချင်ဘူး)

⚜️ The Male Empress SS2 ⚜️

Monတယောက် Jinသီတင်းကြောင့် Hanဘုရင်ရဲ့ ဧည့်ဆောင်ကိုလာခဲ့လိုက်တယ် Jinကတုတ်တုတ်မျှမလှုပ်ပဲ ဒူးထောက်နေတာကြောင့် သူ့နားသွားထိုင်ကာ

"Jinထတော့ မင်းခြေထောက်တွေအရမ်းနာနေမယ်

"မထဘူး ငါမယ်တော့ကိုတွေ့ချင်တယ် Mon! ခမည်းတော်ကိုပြောပေးပါကွာ

The Male Empress Season 2Where stories live. Discover now