The Male Empress SS2 (7)

633 53 2
                                    

Zawgyi

အချိန်တွေဟာ နေမင်းကြီးရဲ့လည်ပတ်နေမှုနဲ့အပြိုင် တနေ့တနေ့ လျှင်မြန်စွာပဲ ကုန်ဆုံးလာတော့တယ်

မိုးရာသီ ပြီးတော့ ဆောင်းရာသီ ၊ ဆောင်းရာသီပြီးတော့ နွေရာသီ ဆိုပြီး အဖန်တလဲလဲ ရာသီကူးပြောင်းလို့လာခဲ့ပြီ

ယနေ့နဲ့ဆို အိမ်ရှေ့စံ Jin Taiတိုင်းပြည်မှာ ပညာသင်တာ ၄နှစ်ရှိခဲ့ပြီ Qing နဲ့ အိမ်ရှေ့မင်းသမီး San ကတော့ ၆လတကြိမ်ဖြစ်ဖြစ် ၁နှစ်၁ကြိမ်ဖြစ်ဖြစ် သွားရောက် လေ့ရှိတယ်

ဒါပေမယ့်Jin နဲ့ Qing ဘာကိစ္စဖြစ်ခဲ့လည်းဆိုတာတာ့ ဘယ်သူမှမသိ Qingက ၂ကြိမ်သွားအလည်သွားပြီတဲ့နောက်ပိုင်း ထပ်မံသွားရောက်ခြင်းမရှိတော့ပေ

Jinစီကို San သာသွားရောက်တော့တယ် တခါတလေ မိဖုရား Li Liပါ ပါလာတက်သည်

⚜️ The Male Empress S2 ⚜️

နွေရာသီမို့လို့ သဘာဝပန်းပင်တွေဟာ တောတောင် အနှံ့ပေါက်ရောက်နေကြပြီ သစ်တောစိတ်ထဲမှာ မြင်း၎ကောင်ဟာလည်း သူ့ထက်ငါသာရေးအတွက် အပြေးနှင်နေကြတယ် သစ်တောအတွင်းက ဝါးတောထဲက ပန်းတိုင်ကိုရောက်တော့~

*ယီးးး

Wen မြင်းအမဲပေါ်ကနေဆင်းကာ Qingကိုမွေးနေ့လက်ဆောင်အဖြစ်လက်ဆောင်ပေးထားတဲ့ မြင်းဖြူပေါ်က Qingကို ချပေးလိုက်တယ်

Qingကြည့်ရင် တမှိုင်မှိုင် တတွေတွေဖြစ်နေတာကြောင့် အရင်က အတူအချိန်ဖြုန်းခဲ့တဲ့ ဝါးအိမ်ကိုခေါ်လာခြင်းသာ

"Qingလာနားရအောင်

"ဒီနေရာလေးကမပြောင်းလဲဘူးနော် Wen

"ကျွန်တော်တို့ အချစ်တော်ဘဝတုန်းကခေါ်ခဲ့တဲ့နေရာမလား Zi Xie

Ju Yiစကားကြောင့် Qingမျက်နှာလေး ညှိုးကျသွားတာတွေ့တော့ Wenက Ju Yiကိုခေါ်သွားဖို့အချက်ပြလိုက်တယ်

"ဟုတ်တယ်လေ လာ အိမ်ထဲဝင်ကြည့်ရအောငိ ကိုယ်တို့အတူနေခဲ့တဲ့အခန်းလေးကိုသွားကြည့်ကြမယ်

Zi Xieက Ju Yiကိုဆွဲကာ အခန်းထဲဝင်တော့သည်

"ကိုယ်တို့လည်းသွားနားမယ်လေ လာ Qing

The Male Empress Season 2Where stories live. Discover now