The Male Empress SS2(14)

593 61 4
                                    

Zawgyi⚜️

Mon သမားတော်လုပ်ချင်တယ်ပြောတော့ Wen လန့်သွားမိတာအမှန်ပင် ဒါပေမယ့် ဘယ်သူ့ကြောင့်သူဒီအလုပ်လိုချင်လည်းဆိုတာသိတာမို့

"ကောင်ြး့ပီလေ တော်ဝန်သမားတော်က တယောက်ထဲဆိုတော့ အရေးပေါ်ဆို သူမနိုင်လောက်ဘူး အဲဒါကြောင့် သူ့လက်အောက်မှာ အရင်စလုပ်လိုက်ပါ

"ကျေးဇူးတင်ပါတယ် မင်းကြီး

"ကြိုးစားပေါ့ ရောက်ရာနေရာမှ အောင်မြင်အောင်ကြိုးစား

"ဟုတ်ကဲ့ပါ ကျွန်တော်အကောင်းဆုံးကြိုးစားမှာပါ

အခန်းထဲကနေ Monပျော်ပျော်ရွှင်ရှင်ပဲ ထွက်လာတော့

"ခမည်းတော်ကဘာတဲ့လည်း လက်မခံဘူးမလား

ပျော်နေတဲ့ Mon မျက်နှာ ချက်ချင်း မကျေနပ်တဲ့ရုပ်ပြောင်းကာ

"မင်းကိုအဆိပ်ခပ်လို့ရပြီ

"ဟမ်?

"ငါသမားတော်ဖြစ်ပြီ ပြီးတော့ တော်ဝန်သမားတော်နော် မင်းကိုငါကုပေးရမှာ ဟားဟား

"... နေနေ မင်းကုတာခံမယ့်အစား ငါအသေခံလိုက်မယ်

"ဟားဟား ပြောထားပေါ့ကွာ အခုတော့ ငါ အဆောင်ပြောင်းဖို့သွားတော့မယ်

"ကြွပါကြွပါ

ဘာကြောင့်မှန်းမသိပေမယ့် သူငယ်ချင်းဖြစ်သူပျော်တာမြင်တော့ သူလည်းအတိုင်းမသိဝမ်းသာမိတယ်

.
.
.

*ဒုန်း

"မင်္ဂလာပါ ကျွန်တော်က တော်ဝန်သမားတော်ရဲ့ လက်အောက်မှာ ပညာသင်ဖို့လာတာပါ!!

"ထွက်သွား!

"ဘာလို့လည်း

"မင်းသမားတော်ဘာလို့ဖြစ်ချင်တာလည်းဆိုတာငါသိနေတာမို့ မင်းကိုသွားခိုင်းနေတာ

"မင်းကြီးအမိန့်အရလာတာနော် သေချင်လို့လည်း

"မင်းသမားတော်အရမ်းဖြစ်ချင်ရင် တခြားနေရာသွား ဒီနေရာကမင်းကိုမကြိုဆိုဘူး

"ဘာလို့အဲ့လောက်ထိ မကြောက်အကန်ငြင်းနေရတာလည်း

"ဟက် မင်းငါ့ကိုချစ်တယ်လို့ဖွင့်ပြောထားတာလေ ငါမမြင်ချင်လို့တောင် မင်းတို့တိုင်းပြည်ကိုမလာတော့တာ မင်းကဘာလို့လိုက်လာတာလည်း

The Male Empress Season 2Where stories live. Discover now