သူမနဲ့ အတူ နိုးထရတဲ့ မနက်ခင်းတိုင်းက နွေးထွေးတယ် 🚫

560 19 0
                                    

Alex(Charm) ဖုန်းပြောပြီးသည့်နောက် လေပြင်းပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး အိပ်ယာဆီသို့ ပြန်လာခဲ့သည်။ ညရဲ့အေးချမ်းမှုက နှစ်ခြိုက်စွာ အိပ်မောကျနေသော Merry မျက်နှာလေးနဲ့ ထပ်တူကျနေသည်။ Alex စောင်ကို ဆွဲယူရင်း Merry ကိုယ်လေးပေါ်ကို ဖုံးပေးရင်း Merry နဖူးလေးကို ညင်သာစွာ ခပ်ဖွဖွလေးနမ်းလိုက်သည်။ ထို့နောက် Alex စာကြည့်ခန်းဘက် ထွက်လာခဲ့သည်။ စားပွဲ အံဆွဲထဲမှ ဖုန်းတလုံးကို ဆွဲထုတ်လိုက်ပြီး ဖုန်းခေါ်ဆိုမှု ပြုလုပ်လိုက်သည်။

တူ...... တူ... တူ... "Hello"

Alex(Charm)- "ကလပ်ရောက်နေပြန်ပြီလား ? မနက်ဖန် နေရာတစ်ခုကို အတူတူသွားစရာရှိလို့ ပြင်ဆင်ထားပါ။ လိပ်စာက No၉၈၉၈, West Road, Glory ရှေးဟောင်းဆိုင်/ အချိန်က ၁၈ နာရီ။ အိုကေ see you ။ ဒါနဲ့ JJ တခုလုပ်ပေးပါအုန်း ။ အင်း အင်း ဒါပဲနော်။

အပြင်မှ လှုပ်ရှားသံကြောင့် Alex.ဖုန်းကို အပြန်ချရင်း အလုပ်စားပွဲဆီ အပြေးထိုင်လိုက်သည်။ အခန်းတံခါး ခေါက်သံနဲ့အတူ တဆက်တည်း တံခါးကိုဖွင့်ပြီး Merryဝင်လာသည်။ အိပ်ချင်မူးတူးပုံစံဖြင့် အလုပ်လုပ်နေပုံရသော Alexကို ကြည့်ရင်း Merry မေးလိုက်သည်။

Merry-" Alex? မမ အိပ်မပျော်ပြန်ဘူးလား?? "

Alex- " sorry, ပေပီ နိုးသွားတာလား? လာပါအုန်း ကိုယ့်ဆီကို"

သူမဆီကို လျှောက်လာသည့် Merry လေးကို လက်ဖြင့်လက်ဆွဲဖက်လိုက်ရင်း သူမ ပေါင်ပေါ်ကို Merryကို ထိုင်စေလိုက်သည်။ Merry ရင်ခွင်လေးထဲကို ခေါင်းမှီလိုက်ရင်း လည်ပင်းကို နမ်းလိုက်သည်။

Merry- "အ!! အေးတယ် မမ"
Alex- "ဟုတ်လား ပေပီကတော့ နွေးနေတာပဲ မုန့်ပေါင်းကြီးကျလို့ ကိုက်စားချင်လာပြီ"

Alexလျှာကို သပ်ရင်း ပြောလိုက်သည့် အပြောကြောင့် Merry ကိုယ်ဟန်သပ်လိုက်ရင်း သူမ လက်လေးနှစ်ဖက်ဖြင့် Alexပါးလေးကို ထိပြီး အပေါ်ကို ဆွဲမလိုက်သည်။
Merry-"မရတော့ဘူးနော် ဟွန်း! များနေပြီ ဒီနေ့ကတော့"
Alex- "ဘာလို့လည်းဟင်? မနက်ဖန် စနေဆိုတော့ ပေပီကျောင်းပိတ်တယ်မလား? မရဘူးမပြောပါနဲ့နော် ကိုယ်လုပ်ချင်တယ်"
သူမအင်္ကျီအောက်ထဲ လက်ထည့်ရင်း ကလေးဆိုးကြီးလို ပူဆာနေသည့် Alexကြောင့် Merry မျက်နှာတွေ နီရဲလာသည်။ Alexရဲ့ ဒီလိုမျိုးပြောနေတဲ့ မျက်နှာလေးကို သူမ ဘယ်လိုများ ငြင်းနိုင်မှာတုန်း....

Why Can't I hold youWhere stories live. Discover now