ဘယ်သူ့မှ မမြင်နိုင်တဲ့ ငါ့ရဲ့အခြားတဖက်

368 17 0
                                    

ပူပြင်းလှသော နေလုံးကြီးမှာ အနားယူတော့မယ့်ဟန်ဖြင့် တဖြေးဖြေး အနောက်ဘက်အရပ်သို့ တိုးဝင်နေလေပြီ။ နေလုံးကြီး ဆုတ်ခွာသည်နှင့် အအေးဓါတ်လေးများကို စတင်ခံစားလာရသည့် ညနေစောင်းအချိန်လေး........
ဖြူစွတ်စွတ် အုတ်ဂူဆင်တူ လေး ၃ လုံးရှေ့တွင် နှင်းဆီအဖြူရောင်များကို ဆုပ်ကိုင်ထားသော Alex။ Company မှ ထွက်လာပြီး ဒီနေရာကို ဘာကြောင့်ရောက်လာမိမှန်းမသိ ရောက်လာခြင်းဖြစ်သည်။ မခံစားနိုင်လောက်အောင် အေးစက် နာကျင်လာတိုင်းမှာ ဒီနေရာမှ လွဲရျ် သွားစရာမရှိခဲ့ဟန်တူသည်။
💭💭💭💭💭💭💭💭💭💭💭💭💭💭💭💭
{ တချို့ကတော့ မေ့လျော့သွားကြတယ်။ တချို့ကတော့ နာကျင်နေတာတောင် မမေ့ဖျောက်နိုင်ပဲ သတိရနေရတယ်။ တချို့က သေဆုံးသွားကြတယ်။ တချို့ကတော့ သေချင်တာတောင် နာနာကျင်ကျင် ရှင်သန်နေရစ်ကြတယ်။ အဲ့ဒီလို လောကသဘာဝ ကြီးထဲမှာ ငါ့မိသားစုတွေက သေဆုံးသွားခဲ့ပြီး ငါကို ချန်ခဲ့တယ်။ အာ့နေ့ ညက တောက်လောင်ခဲ့တဲ့ မီးတောက်တွေထဲမှာ ငါပါ သေဆုံးသွားခဲ့ရင် အခုလောက် နာကျင်ရမှာမဟုတ်သလို ရူးလောက်အောင် အထီးကျန်ရမှာလည်း မဟုတ်ဘူး..။}
Alex...  သူမအတွေးများကို ရပ်တန့်လိုက်ပြီး အုတ်ဂူလေးများရှေ့ ဒူးထောက်ကာ ထိုင်ချလိုက်သည်။ ထို့နောက်သူမလက်မှ နှင်းဆီဖြူကြီးများကို အလယ်အုတ်ဂူလေးပေါ်တွင် တင်လိုက်သည်။
Alex- "မေမေ! နှင်းဆီဖြူတွေက မေမေ့အကြိုက်ဆုံးပန်းတွေဖြစ်ခဲ့တယ်မလား.. ။"
ညာဘက်တွင် ရှိသော အုတ်ဂူကိုတော့
Alex- " တောင်းပန်ပါတယ် ဖေဖေ! ဖေဖေအတွက်တော့ ပါမလာခဲ့ဘူး ဟင်း ဒီသမီးကတော့ မတရားဘူးထင်တော့မှာပဲ တောင်းပန်ပါတယ်နော်..  ဖေဖေ မေမေတို့ ဟိုကိုရောက်ရင်လည်း သဘောကျမယ်ထင်ပါတယ်။ ကိုကိုက စောင့်ရှောက်ပေးမှာပါ ဒီသမီးလို မဟုတ်ပဲ ကိုကိုကမေမေတို့အထီးမကျန်အောင် ထားမှာပါ။ မေမေတို့သာ ကိုကိုနဲ့ လိုက်သွားရင် ဒီဘက် ဘယ်ဘက် အစွန်က သမီးအုတ်ဂူလေးတော့ အထီးကျန်ပြီး ကျန်နေခဲ့တော့မှာပဲ..... ။"
ညနေမှောင်ရီသန်းလာသဖြင့် အအေးဓါတ်က ပိုများလာသည်။ Alexတစ်ယောက် နောက်ဆုံးအနေနှင့် ဖေဖေ မေမေ တို့ကို နှုတ်ဆက်ပြီး ထိုနေရာမှ ထွက်လာခဲ့သည်။
.............................................................................

Why Can't I hold youOù les histoires vivent. Découvrez maintenant