အမှား နဲ့ အမှန်

326 13 0
                                    

Sayar (Lin) ကိုဒီလို ပျာယာခတ်နေအောင် လုပ်နိုင်တာ ဘယ်သူမှန်း Khaid ဆန်ကုန်ခံပြီး ဗေဒင်ဆရာသွားမေးနေစရာကို မလိုပဲ ခန့်မှန်းနိုင်သည်။ သို့သော် သူသိချင်သည့်အတွက် ခန်းစီးအကွယ်က ငြိမ်ကာနားထောင်နေလိုက်သည်။ ထိုစဉ် TV ရှေ့တွင် ချထားသော သူ့ဖုန်းမှ မီးလင်းလာသည့်အတွက် သွားကြည့်လိုက်သည်။ သူမသိသော ဖုန်းနံပါတ် တစ်ခု....ဝင်နေသော ဖုန်းကိုမကိုင်ပဲ ကြည့်နေမိသည်။ ဖုန်းကျသွားသည် သို့သော် တခါပြန်ဝင်လာသည်။

Khaid - "Hello! "
Sayar(Linn) , Alexဖုန်းကို ဆက်ပေမယ့် မကိုင်သည့်အတွက်  သူမလိုပဲ Alexအပေါ် စိတ်ပူပေးနေသော လူတစ်ယောက်ကို သူမ ဆက်လိုက်သည်။ သူမတို့ ငယ်သူငယ်ချင်း  Micky,... Alexနဲ့Companyတစ်ခုထဲ အတူတူလုပ်နေသောကြောင့် အခုချိန်သူမကသာ အသင့်တော်ဆုံးဟု ယူဆပြီး ဆက်လိုက်သည်။

Sayar(Lin) - " ဖုန်းကိုင်စမ်းပါဟာ!"

Micky        - " ရား!! ငါရိုက်ကူးရေးမပြီးသေးဘူးဟ"

Sayar(Lin) - "Alex ဆီသွားပေးပါ Micky ငါတောင်းဆိုပါတယ်..."

Micky    - " ရုတ်တရက်ကြီး?? နင်က ဘာလို့မသွားတာလည်း? ဟို ယောကျ်ားတစ်ပိုင်း မိန်းမရိုင်းကြီးက ငါ့ကို သဘောကျတာမှမဟုတ်တာ ငါ့ကိုမြင်မှ သူ့စိတ်တွေပိုဆိုးလာအုန်းမယ်"

Sayar(Lin) , အခန်းထဲမှ Khaidကို တချက်စောင်းငဲ့ကြည့်လိုက်သည်။
💭အကို ဖုန်းပြောနေတာလား?? ဒီအချိန်ကြီး ဘယ်သူကများ?"

Micky - " Hello! Hello!!! ရား Sayar"

Sayar(Lin) - " အာ sorry Micky ငါက အခုနေသွားဖို့ အဆင်မပြေလို့ပါ။ ပြီးတော့ Alexအကြောင်းသိရဲ့သားနဲ့ သူက သူ့စိတ်ကို သိုဝှက်တတ်လို့ပါ နင့်ကို သူသဘောကျပါတယ်။"
--------------------------------------------------------------
Micky ဖုန်းကိုချပြီးနောက် ထိုင်ရာမှ ထထွက်သွားလိုက်သည်။ ဇာတ်ကားရဲ့ အဓိက မင်းသမီးက ရိုက်ကွင်းကနေ ရုတ်တရက်ထထွက်သွားတော့ အကုန်ပျာယာခက်ကာ ဟိုကြည့်ဒီကြည့်ဖြစ်ကုန်သည်။

Staff - "ရား!! သွား Director ကို အမြန်သွားခေါ်ချည် မင်းသမီးက... က.. အား !!"

Micky - "  မင်းသမီးက ? ဘာဖြစ်တုန်း"

Staff - " လမ်း လမ်း ထလျှောက်နေ နေတယ်လို့ ပြော ခိုင်း မ လို့ ဟီး"

Why Can't I hold youWhere stories live. Discover now