ဝိရောဓိ

354 18 0
                                    

Micky - " ငါ စိတ်ထဲမှာ ထင်ထင်ရှားရှားကို မှတ်မိနေတယ် Alex ပထမဆုံး နာနာကျင်ကျင် ငိုနေခဲ့အချိန်ကို....
မင်းအဖေက သူ့သမီးသိပ်ချစ်တဲ့ Alexဆိုတဲ့ မိန်းကလေးတင်မကပဲ လူများစွာရဲ့ဘဝတွေကို ဂယက်ထစေခဲ့တယ်။ မင်းအဖေကြောင့် Alexနဲ့ သူမတို့မိသားစုက သွေးမျက်ရည်ကျခဲ့ရတယ်။ လူရင်းတစ်ယောက်ရဲ့ သစ္စာဖောက်မှုကြောင့် သူတို့ဘဝတွေက ပျက်စီးကြွေမွသွားခဲ့ရတယ်။ နင်တို့ ချမ်းသာစွာနေနိုင်ဖို့အတွက် သူများမိသားစုဘဝတွေကို ချနင်းပစ်ခဲ့တယ်, မီးလောင်တိုက်သွင်းခဲ့တယ်။ မီးထဲကနေ ကယ်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုနေတဲ့ သူငယ်ချင်းလက်ကို ဖြုတ်ချခဲ့တယ်။ ပြီးတော့ အာ့သူငယ်ချင်းကိုပဲ တရားခံဖြစ်အောင် ကြံစည်ယူခဲ့တယ်။ သူ့သမီးအရင်းကို သက်သေအဖြစ်မရရအောင် တင်သွင်းပြီး အဆုံးထိသေအောင်လုပ်ခဲ့တယ်။ Alex အသက်ရှင်ကျန်နေရတာကလည်း သူမပိုင်ဆိုင်လိုက်ရတဲ့ သူငယ်ချင်းမိန်းမ; သူ့ကြိတ်ချစ်နေရတဲ့ မိန်းမရဲ့ မျက်လုံးတွေ၊ပုံစံဟန်ပန်တွေကို Alexဆီမှာ မြင်နေရလို့.. ။
ဟား....! ရီတော့ရီရတယ် သွေးကပဲ စကားပြောလို့လား မင်းတို့သားအဖ ကြိုက်တဲ့လူချင်းကတော့ တူကြတယ်.ဟား ဟား..။

Merry - "မမရဲ့ မေမေကို ????? Merry ဖေဖေက ???ပြီး..ပြီးတော့ Uncle!!?? Uncleက သေသွားပြီလား? သူ.. သူထောင်ထဲမှာလေ သေ.. သေသွားစရာအကြောင်းမှမရှိတာ ဖေဖေပြောတော့..... !!"
Micky - "ဟား ဖေဖေက? သမီးUncle ကို ထောင်ထဲမှာ ကောင်းကောင်းမွန်မွန်နေရအောင် လုပ်ပေးထားတယ်လို့များ ပြောဖူးတာလား?? မင်းဦးနှောက် ရှိရင် သေချာ စဉ်းစားကြည့်စမ်းပါ Merryရယ် ။ မင်းမသိဘူးဆိုတာ ငါမယုံနိုင်သေးဘူး Merry, မင်း Alexကို ချစ်ပါတယ်ဆိုပြီး.. မင်း တကယ်ကိုသူမနဲ့ပတ်သက်ပြီး ဘာများသိဘူးလို့လည်း?? ဒါမှမဟုတ် Alexက မင်းကို..."

Alex(Charm) - "Micky!!!!!!!!"
Merry သူမအနောက်မှ အသံလာရာဆီသို့ အလန့်တကြားလှည့်ကာကြည့်လိုက်မိသည်။ သူမရှေ့က Mickyဆိုသည့် အမျိုးသမီးကတော့ တုန်လှုပ်ပုံမပေါ်ပဲ Alexဆီသို့ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။ Mickyသည် Alex ပုခုံးတစ်ဖက်ကို ကိုင်ကာ Alexနားနားသို့ တစုံတစ်ခုကို ကပ်ပြောနေလိုက်ပြီး သူမကားဆီသို့....... ကားကို မောင်းကာ ထွက်ခွာသွားခဲ့သည်။။ ဒီနေရာ တိတ်ဆိတ်နေတဲ့ ညလယ်မှာ ထိုင်ကာ လက်သည်းကို ကုတ်နေမိသည့်Merry နဲ့ ရေခဲမုန့်လေးကို ကိုင်ကာရပ်နေသည့် Alexတို့သာ ရှိနေတော့သည်။ သူမဘေးနားကို Alex တစ်ယောက် ဝင်ထိုင်ကာ ရေခဲမုန့်လေးကို အဖုံးဖွင့်ပြီး သူမဆီသို့ လှမ်းပေးသည်။ Alexကို မကြည့်ပဲ Merry ယူလိုက်သည်။ အခုချိန်မှာ တော့ Alexအပေါ်အားနာမိသည့်အတွက်လား?အပြစ်ရှိသူတစ်ယောက်မလို့လား...? Merry , Alexမျက်လုံးတွေကို မကြည့်ရဲ။

Why Can't I hold youWhere stories live. Discover now