(Part-1) Unicode

16.8K 522 1
                                    


"1967 ခုနှစ်​၏ ကံကြမ္မာ ..."

ဒီနိုင်ငံသည် ဤအချိန်မှာေ​တာ့ ဖွံ့ဖြိုးမှု တိုးတက်​မှု နည်းပါး​နေ​သေးသည်​။
ပြည်​တွင်းစစ်​ အနည်းငယ် ရှိနေသေးသလို လူ့အခွင့်​အ​ရေး ချိုး​ဖောက်​ခံရခြင်းများ​ကြောင့်​ လူထုဆူပူ အုံကြွမှုများလည်း ရှိ​နေခဲ့သည်​။
ထို့သို့ အ​ခြေအ​နေ​တွေ ရှိနေခဲ့‌ေသာ်လည်း နိုင်ငံသည် သယံဇာတပေါကြွယ်ဝပြီး သာယာလှပတဲ့ သဘာဝတရားတို့နှင့်​နေချင့်​စရာ နိုင်​ငံတစ်​နိုင်​ငံပါပဲ။
ထို့ပြင်​ ဒီနိုင်ငံကို ကမ္ဘာ​က သိအောင် ကမ္ဘာကျော်အောင် လုပ်ဆောင်ပေးကြမယ့် တော်ပြီး ထက်မြက်တဲ့ အနာဂတ်​ရဲ့ လူငယ်​တွေလည်း ရှိပါ​သေးသည်​။
ဤသို့​သော နိုင်​ငံမှာ သူမ​နေပါသည်​။

သူမ နာမည်​က joy(ဂျွိုင်း) ...။
​ပျော်​ရွှင်​မှုဟု အဓိပ္ပါယ်​ရသည်​။
နာမည်​နဲ့လိုက်​အောင်​ သူမဘဝက ပျော်ရွှင်ခြင်းများနဲ့ နေထိုင်ခဲ့ရတာပါ။
​ခေတ်​ပညာတတ် တစ်ယောက်ဖြစ်သလို အရာရာကို သင်​ယူလိုစိတ်​ရှိပြီး ထက်​မြက်​တက်​ကြွတဲ့ မိန်းခ​လေးတစ်​ယောက်​ပါ။ ဘာပဲသင်​သင်​ လျင်မြန်စွာ တတ်မြောက်တဲ့ ဥာဏ်​ကောင်းတဲ့သူ တစ်​ယောက်​ဆိုရင်​လဲ မမှားပါဘူး ...။
ထိုသို့​သော သူမသည်​...။

21ရက်​၊January လ၊ 1967 ခုနှစ်​...။
(- - -)နိုင်​ငံ ၊ (- - -)မြို့
ည၏​ မှောင်မိုက်ခြင်းက နက်​သည်ထက် နက်နေ၏။ မှောင်မိုက်ခြင်းနဲ့အတူ ပတ်​ဝန်းကျင်​တစ်​ခုလုံးမှာ တိတ်​ဆိတ်​ခြင်းကလည်း ကြီးစိုးလျက်​ရှိ​နေသည်​။
လူ​တွေအားလုံး အိပ်မောကျသော်လည်း လူတစ်​ယောက်​က​တော့ သေမင်းနဲ့ စစ်​ခင်း​နေရ​လေ၏။​

နေအိမ်​တစ်​လုံးသည် မီးတွေတောက်လောင်နေခဲ့ကာ ထိုမီး​လောင်​နေ​သော အိမ်​ကြီး၏ အထဲမှာ မိန်းခ​လေးတစ်​ယောက်​ရှိ​နေသည်​။
အိမ်​အတွင်းပိုင်းမှာ နေရာလပ်မကျန်အောင် မီးတွေရဲရဲတောက် တောက်လောင်နေပေမယ့် အိမ်အပြင်ကိုတော့ မီးညွှန့်​က မ​ထိုးထွက်​လာ​သေး‌ေပ။

သူမ၏ ခြေထောက်နှင့် လက်တို့ကို သံကြိုးငယ်​တို့နှင့်​ တုပ်နှောင်ခြင်း ခံထားရသည်။ သူမကို ချည်​ထား​သော ကြိုးတို့သည်​ သာမန်ကြိုးတစ်ချောင်း ဖြစ်​ပါက မိမိကိုယ်​ကို အပူခံပြီး မီးရှို့ဖျက်​ဆီးလိုက်​လို့ရ​သော်​လည်း သံကြိုးဖြစ်​နေ၍ သူမ အခက်​တွေ့ေ​နရ၏။

အချစ်စစ်၏ကံကြမ္မာ(Complete)Where stories live. Discover now