(Part-2)Zawgyi

3.1K 105 0
                                    


"သူ့ကို မေ့မရလို့ ..."

                နေရာက W.M Entertainment ကုပ္မဏီ၏ ရုံးခန်းထဲမှာ ဖြစ်​၏။

"ဘယ်​အချိန်​ထိ မင်းဒီလို​တွေ လုပ်​နေဦးမှာလဲ king "

King က​ သူတို့ W.M entertainment ကုပ္မဏီရဲ့ CEOဖြစ်​သူ Denniel(ဒန်​နီရယ်​) ၏​မေးခွန်းကိုမ​ဖြေပဲ သူ့ဖုန်းကိုသာ ကြည့်နေ၏။

King တို့က ပြန်​မ​ပြော နားမထောင် စရိုက်ရှိသလို ဖိအား​ပေးပြီး​ ပြောဆိုလို့လည်း မရတဲ့သူပါ။ သူတို့ W.M entertainment ကုပ္မဏီက နာမည်​ကြီး အဆို​တော်​တွေ သရုပ်​ဆောင်​တွေ အများကြီးကို​မွေးထုတ်​ပေးခဲ့သည်။ သူတို့ကုပ္မဏီရဲ့ နာမည်​ကြီး​idol တွေထဲမှာ King က နံပါတ်တစ် ကျော်ကြားသူဖြစ်သလို ပြောဆိုဆက်ဆံရတာလည်း အခက်​ဆုံးသူလည်း ဖြစ်၏။

"King ငါ​ မေးနေတာကို ဖြေဦးလေ "

King က ဖုန်းကို ချလိုက်ပြီး Denniel ကိုတည့်​တည့်​ကြည့်​ကာ ...။

"ဘယ်​အချိန်​ထိ ဆက်လုပ်နေမှာလဲ ဆိုတော့ ဘယ်​လိုပြန်​ဖြေရမလဲ ... ကိုယ့်​ကိုယ်ကိုယ်တောင် ငါဘယ်အချိန်ထိ ဆက်​လုပ်​ရင်​ ကောင်းမလဲလို့ အချိန်​အတိုင်းအတာ မသတ်​မှတ်​ရ​သေးဘူး "

Denniel က ကုပ္မဏီကြီးတစ်​ခုရဲ့ CEO ဆို​ပေမယ့်​ အသက်က သုံးဆယ်ပင်မပြည့်သေးတဲ့ လူငယ်​တစ်​ယောက်​ပါ။ ထို့ပြင်​King နဲ့ ညီအစ်ကို​ဝမ်းကွဲ​တွေလည်း ဖြစ်​သည်​။ ညီအစ်​ကိုဝမ်းကွဲ​ တော်စပ်ပေမယ့်ရင်းနှီးမှု မရှိကြသလို စကား​ပြောဖြစ်​ကြရင်​လည်း ဒီလိုပဲ​ အေးစက်စက်နိုင်ကြသည်။

"ရည်းစားနဲ့ လမ်းခွဲတာ လွန်​ခဲ့တဲ့ တစ်​နှစ်​လောက်​ထဲက ... အသဲကွဲပြီး သူ့ကိုမ​မေ့နိုင်​ဖြစ်​နေတာက အခုချိန်​ထိပဲ ....
တိုက်​ဆိုင်​မှုရှိတိုင်း သူ့ကို သတိရပြီးတော့ မင်းဒီလို အရက်​သောက်​ပြီး အမှား​တွေလုပ်​နေမယ်​ဆိုရင်​ မကြာခင်မှာ မင်းရဲ့​အောင်​မြင်​မှု​တွေက​ အောက်ဆုံးကို ထိုးကျသွားမှာပဲ King "

"ကျွန်​တော်​ အဲ့လောက်ထိ မမိုက်​မဲ​သေးဘူး "

"သိတယ်​ သိတယ်လေ ... မင်းဒီလိုအောင်မြင်လာဖို့ ဘယ်လောက်ကြိုးစားခဲ့ရလဲဆိုတာ မင်းကိုယ်မင်း အသိဆုံးပဲ...
အဲ့ဒီ့​အောင်​မြင်​မှုကို မင်းလက်​နဲ့မင်း ဆွဲချမှာ​တော့ မဟုတ်​နိုင်​မှန်းလည်း ငါသိတယ်​... ဒါပေမယ့် မင်းလုပ်ရပ်တွေက တစ်​ဖြေး​ဖြေး ပိုးဆိုးလာတယ်​...
မင်းမနေ့က လုပ်လိုက်တဲ့​ ကိစ္စကိုပဲကြည့် အရက်မူးပြီး ကားမောင်းတယ် ကားကိုသတ်မှတ်နှုန်းထက် ပိုမောင်းတယ် ပြီးတော့ လူကိုတိုက်​မိတယ်​ ဥပဒေနဲ့ညိတဲ့ အပြစ်​တွေကြီးပဲ မင်းလုပ်​ခဲ့တာ အဲ့ဒါမင်းသိလား ...
အဲ့ဒီ့​နေရာမှာ မျက်​မြင်​သက်​သေ တစ်​ယောက်​ယောက်သာ​ ရှိနေခဲ့ရင် ဒီနေ့မီဒီယာတွေမှာ King ဆိုတဲ့ မင်းအကြောင်း ပါလာ​တော့မှာ ..."

အချစ်စစ်၏ကံကြမ္မာ(Complete)Where stories live. Discover now