(Part-7)U

2.8K 270 3
                                    


"အမှတ်​တမဲ့မှသည် ခင်မင်မှုတစ်ခုဆီသို့..."

Kingရဲ့​အင်ဒိုးလ်​ကြော်​ငြာရိုက်​ကွင်း တစ်ခု​တွင်​ဖြစ်​သည်​။ စ​တင်ရိုက်​နေပြီဖြစ်​၍ ရူတင်​ရှိလူအားလုံး တိတ်​ဆိတ်​နေကြပြီး ရိုက်​ကွင်းအ​ပေါ်တွင်​သာ အာရုံ​ရောက်​နေကြ၏။ joyလဲ Kingရဲ့ သရုပ်​ဆောင်​မှုကို ကြည့်​နေမိသည်​။
King ကရိုက်​ကွင်း​ပေါ်မှာ သရုပ်​ဆောင်​နေသည့်​အချိန်​တွင်​တော့​တော်​တော်​လေးအာရုံစိုက်​မှုရှိသည်​။ သရုပ်​ဆောင်​မှု​ရော ဆွဲ​ဆောင်​မှုရှိသည့်​ရုပ်​ရည်​အရ​ရော အားလုံးရဲ့အာရုံကို ဖမ်းစားနိုင်​သည်​ဟု​ပြောရမည်​။ သရုပ်​ဆောင်​နေသည့်​အချိန်​တွင်​Kingသည်​တခြားတစ်​ယောက်လို​ပါပဲ။ ပုံမှန်​အချိန်​ဆိုရင်​တော့ ရိုက်​သတ်​ချင်​စရာ​ကောင်း​အောင်​ဇီဇာ​ကြောင်​လွန်းလှသည်​။

ရိုက်​ကွင်းခဏ နားချိန်​ရောက်​တော့ joyက Kingအတွက်​အနားယူဖို့​နေရာလုပ်​ပေးရသည်​။ Hallက​တော့ Kingရဲ့​ဘေးက​နေ​လေပန်​ကာအ​သေး​လေးတစ်​ခုနဲ့ အပူသက်​သာ​အောင်​လုပ်​ပေး​နေ​လေ၏။
ထိုအချိန်​တွင်​Line​ရောက်​လာကာ ...

"မန်​နေဂျာ နှစ်​ယောက်​နဲ့​တော်​တော်​လေး အဆင်​ပြေ​နေတာပဲ Kingရ "

Lineကိုမြင်​တာနဲ့ Kingမျက်​နှာက အ​ရောင်​ပြောင်းသွား၏။

"ဒီကိုဘာလာလုပ်​တာလဲ မင်းက ... "

"မင်းကို​တွေ့ချင်​လွန်းလို့ လာခဲ့တာ​မဟုတ်​တာ​တော့​သေချာတယ်​... "

"သူက ဒါရိုက်​တာကြီးကို လာ​တွေ့တာ Kingရဲ့ "
Lineရဲ့ မန်​နေဂျာက ဝင်​ဖြေ​ပေး၏။

နှစ်​ယောက်​လုံးရဲ့ မန်​နေဂျာ​တွေက သူတို့နှစ်​ယောက်​အ​ကြောင်းကို သိ​နေ၍ ကြားထဲကဝင်​ဖြန်​ဖြေ​ပေးရတာက အမြဲလိုလိုပါ။
မြင်​လိုက်​တာနဲ့ က​လေး​တွေလို မတည့်​စကား​ပြောတတ်​ကြသည့်​ဒီနှစ်​ယောက်​ကို joyက​တော့ နားမလည်​နိုင်​ပါ။

"ဟိုတစ်​လောက သတင်း​တွေထွက်​လာလို့ ငါကြားလိုက်​တယ်​မန်​နေဂျာအသစ်​လေးနဲ့ မင်းရဲ့အကြောင်းလေ ... "

"ဘာဖြစ်​လဲ အဲ့ဒါ ...
​တော်​တော်​ထူးဆန်း​နေလို့လား စကားလုပ်​ပြီး​မေး​နေရ​အောင်​"

အချစ်စစ်၏ကံကြမ္မာ(Complete)Where stories live. Discover now