(Part-20)Ending (Zawgyi)

2.9K 101 9
                                    


အမှားတစ်​ခုက ကမ္ဘာပျက်​စေခဲ့​သော်​........

ဆေးရုံခန်းထဲမှာ ဆရာဝန်​တွေက joyကို စမ်းသပ်​မှု​တွေ လုပ်​နေ၍ Kingနဲ့ Hallတို့ အခန်း​အပြင်​မှာ ထွက်​ပြီး​စောင့်​နေခဲ့ရသည်​။
Denniel က​တော့ ကားတိုက်​မှုဖြစ်​တဲ့​နေရာမှာ ရှင်းစရာ​တွေ ရှိ​နေသည်​မို့ ထို​နေရာမှာပဲ ကျန်​ခဲ့​လေသည်​။

တကယ်​က joyကို ကားနဲ့တိုက်​မိတာမဟုတ်​ပေ။ တိုက်​မိမလိုဖြစ်​ခဲ့တာ ဖြစ်​ပြီး joyက လန့်​၍လဲကျသွားခဲ့တာ ဖြစ်​သည်​။ လဲကျသည့်​အရှိန်​နဲ့​အောက်​ကကွန်​ဂရစ်​လမ်းနဲ့ တိုက်​မိပြီး​ခေါင်းနဲနဲထိသွားတာဖြစ်​သည်​။
သို့​သော်​ပြန်​သတိမလည်​လာ၍ စိုးရိမ်​စရာဖြစ်​နေရ၏။

joyရဲ့ အစ်​ကိုMr.sky ကိုဖုန်းဆက်​ပြီး လှမ်း​ခေါ်ထား​သော်​လည်း​ရောက်​မလာခဲ့​သေး​ပေ။
Lineကလဲ သတင်းကြားကြားချင်း​ဆေးရုံသို့​ရောက်​လာခဲ့ကာ ......

"ကိုHall ဒါကဘယ်​လိုဖြစ်​ရတာလဲ ......
joyက ဘယ်​လိုဖြစ်​လို့ ကားနဲ့တိုက်​မိရတာလဲ ....."

"Kingက Lilyနဲ့ ချစ်​သူ​တွေ မဟုတ်​ပါဘူး ......
joyနဲ့ ချစ်​နေတာပါလို့​ကြေငြာလိုက်​ထဲက စတာပဲ ပြသနာက ......
အပြင်​မှာ​စောင့်​နေတဲ့ ပရိတ်​သတ်​တွေထဲက Lilyနဲ့ Kingကို သ​ဘောတူ​နေတဲ့ fan တစ်​ယောက်​က အဲ့ဒီ့​ဖြေရှင်းချက်​ကိုကြားပြီး​တော့ ......
ကားနားမှာရပ်​နေတဲ့ joyကို ပြသနာလာရှာတယ် သူတစ်​ယောက်​ထဲပါပဲ ကျန်​တဲ့သူ​တွေ မပါဘူး အဲ့ဒီ့တစ်​ယောက်​ကနဲနဲ အိုဗာဖြစ်​နေပုံရတယ်​......
ငါလဲတားပါသေးတယ် လုံခြုံ​ရေး​တွေလဲ​ရောက်​လာပြီး ရုန်းရင်းဆန်​ခတ်​ဖြစ်​ကြတယ်​......
အဲ့ဒီ့မှာ joyကို မ​တော်​တဆ တွန်းမိလိုက်​တော့ ကားလမ်း​ပေါ်ကို joy​ရောက်​သွားတာပဲ ......
လမ်းမေ​ပ်ါမှာ မောင်းလာတဲ့ကားနဲ့ တိုက်​မိမလို ဖြစ်​သွားတာပါ ဒါ​ပေမယ့်​joyက အဲ့ဒါကို လန့်​ပြီး​တော့ လဲကျသွားတာ ...... "

Kingလဲ အခုမှ ဖြစ်​စဉ်​ကို သိရတာဖြစ်​၏။စော​စောက ပြသနာဖြစ်​တဲ့​နေရာမှာ joyအတွက်​စိုးရိမ်​ပြီး ထူပူ​နေခဲ့တာမို့ သူဘာမှမသိခဲ့​ပေ။

"King အဲ့ဒါမင်း​ကြောင့်​ဖြစ်​ရတာ ...... "
Lineက Kingရဲ့ အင်္ကျီရင်​ဘတ်​ကို​စောင့်​ဆွဲပြီး စိတ်​တိုစွာ​ပြော၏။

အချစ်စစ်၏ကံကြမ္မာ(Complete)Where stories live. Discover now