(Part-13)Z

1.3K 68 0
                                    


"မ​တွေ့ရ​လေ ပိုသတိရ​လေ ..."

"Hall joyကို​တွေ့မိ​သေးလား ...
ငါဖုန်း​ခေါ်တာလဲ သူမကိုင်​ဘူး ...
ရှုတင်​ထဲမှာလဲ သူ့ကိုလိုက်ရှာတာ နှံ့​နေပြီ​မ​တွေ့ဘူး ... "

Kingက ရှုတင်​ခဏနားတာနဲ့ joyကိုရှာ​နေ၏။

"​စော​စောက​တော့ သူ့ကားထဲဝင်​သွားတာ​တွေ့တယ်​...
ဘာလုပ်​မလို့လဲ King ...
တစ်​ခုခုခိုင်းမလို့လား ငါလုပ်​ပေးမယ်​လေ ..."

"ဘာမှခိုင်းစရာမရှိပါဘူး ...
ငါက ခိုင်းစရာရှိမှ joyကို လိုက်​ရှာရမှာလား ..."

"မသိဘူး​လေကွာ ...
အခု​နောက်ပိုင်း မင်းက​မင်းကိစ္စ​တွေ လုပ်​ပေး​နေကျ ငါ့ကို​တောင်​စိတ်​တိုင်းမကျ​တော့ဘူး​မှတ်​လား ...
joyမှ joyဖြစ်​နေတာ​လေ ...
joyလုပ်​ပေးမှ စိတ်​တိုင်းကျတာ​ပြုံးရွှင်​ပြီး သ​ဘောကျ​နေတတ်​တာ ဘယ်​သူလဲ ကဲ​ပြော ... "

Hallက ပြုံးစိစိနဲ့ Kingကို​ပြော၏။ Hall​ပြောရင်​လဲ​ပြောချင်​စရာပါပဲ ဒီ​နောက်ပိုင်း​တွေမှာ Kingတစ်​ယောက်​ထိုသို့ဖြစ်​နေတာ​တော့ အမှန်​ပဲဖြစ်​၏။

"ကဲ​ပြောပါဦး ဘာလုပ်​မလို့ သူ့ကိုလိုက်​ရှာ​နေတာလဲ ... "

"ဘာမှ မလုပ်​ဘူး​တွေ့ချင်​လို့ကို လိုက်​ရှာ​နေတာ ...
ဒီရက်​ပိုင်း joyကို ရိုက်​ကွင်းပြီးတာနဲ့ မ​တွေ့ရ​တော့ဘူး​လေ ... "

"ဟုတ်​တယ်​နော်​အရင်​ကဆိုရင်​ရိုက်​ကွင်းပြီးတာနဲ့ မင်းအလုပ်​ကိစ္စ​တွေ​နောက်​ကို သူလိုက်​လုပ်​ပေး​နေကျပါ ...
အခုမလိုက်​တော့ဘူး ဘာလို့လဲမသိဘူး ... "

ဒီရက်​တွေမှာ joyကို ရိုက်​ကွင်းတွင်​သာ ခဏတစ်ဖြုတ်​တွေ့ရတတ်​ပြီး ရိုက်​ကွင်းပြီးသွားရင်​တော့ မမြင်​ရ​တော့ပါ။
joyနဲ့​တွေ့ချိန်​နည်းလာတာကို သတိထားမိလာ​တော့ Kingတစ်​ယောက်​joyကို ပိုသတိရလာ၏။

joyရဲ့ကားအနားသို့ သူ​ရောက်​လာခဲ့ကာ ကားမှန်​ကို ပုတ်​လိုက်​လေသည်​။ ကားမှန်​အနက်​မို့ အထဲမှာ သူမ ရှိမရှိ သူမမြင်​နိုင်​တာ​ကြောင့်​ကားမှန်​ကို ပုတ်​လိုက်​ခြင်းဖြစ်​သည်​။ သူမှန်ကို ပုတ်လိုက်တာနဲ့​ကားတံခါးက ချက်​ချင်းပွင့်​လာကာ အထဲမှာ joyရှိ​နေပါသည်​။
သူမကို မြင်​လိုက်​တာနဲ့ Kingက ...

အချစ်စစ်၏ကံကြမ္မာ(Complete)Where stories live. Discover now