(Part-6)Z

1.6K 79 1
                                    


"​ကျောင်း​တော်​ကရန်​စ ..."

Dennielက joy​နေဖို့အတွက်​တိုက်​ခန်းတစ်​ခန်းစီစဉ်​ပေး၏​။ တခြားအသုံးအ​ဆောင်​ပစ္စည်း​တွေကိုလဲ Hallက​နေတစ်​ဆင့်​စီစဉ်​ခိုင်းထားသည်​။ သူမအတွက်​အားလုံးပြည့်​စုံပါသည်​။

Kingနဲ့ joyရဲ့ အွန်​လိုင်းသတင်း​တွေကိုလဲ နာရီပိုင်းအတွင်း သတင်းစာရှင်းလင်းပွဲလုပ်​ပြီး​ဖြေရှင်းခဲ့သည်​။ အဲ့ဒီ့သတင်း​တွေကို အင်​တာနက်​ဝက်​ဆိုက်​အားလုံးမှ ဖျက်​ချနိုင်​ခဲ့၏​။ ပြသနာ​တွေကို တစ်​နေ့ထဲနဲ့​ဖြေရှင်းပြီး joyသည်​Kingရဲ့ မန်​နေဂျာ အသစ်​ယောက်​ဖြစ်​လာခဲ့သည်​။

Kingရဲ့ အကြိုက်​တွေ မကြိုက်​တာ​တွေကို Hallက ချ​ရေး​ပေးထားပြီး သူမအားလုံးကို အလွတ်​မှတ်​မိ​နေအောင်​သင်​သည်​။ ပြီး​တော့ ဖုန်း၊​အင်​တာနက်​၊ ကွန်​ပျူ တာ၊ နည်းပညာ ပစ္စည်း​တွေကိုသုံးတတ်​အောင်​လဲသင်​ယူရသည်​။ မန်​နေဂျာတစ်​ယောက်​ရဲ့ တာဝန်​တွေကို စာ​တွေ့အ​နေနဲ့ ကျက်​မှတ်​ပြီးသည်​နှင့်​လက်​တွေ့အ​တွေ့အကြုံ လိုအပ်​နေ​သေးသည်​မို့ Hallနဲ့ တစ်​ချိန်​လုံးသူမ​လျောက်​လိုက်​နေခဲ့ရ၏။

အစပိုင်းမှာ​တော့ Kingက အမျိုးမျိုးသူမကို ဇီဇာ​ကြောင်​ပြီး အပြစ်​ရှာသည်​။နောက်​တော့ တစ်​လထဲနဲ့​ကောင်း​ကောင်းမွန်​မွန်​သင်​ယူနိုင်​ခဲ့သည့်​သူမကို King ဘာမှမ​ပြော​တော့ပါ။
ဒါ​တောင်​ပြော​ပါသေးသည်​...
"တစ်​ခုခုအမှားလုပ်​လို့က​တော့ ချက်​ချင်းအလုပ်​ထုတ်​ပစ်​မယ်​" တဲ့ ...
မ​ပြောသာ​ပြောသာနဲ့ ရ​အောင်​အပြစ်​ရှာချင်​နေ​သေးသည်​။ Kingဆိုတဲ့လူသည်​တော်​တော်​လက်​ပေါက်​ကပ်​သောသူဖြစ်​၏။

"joy နင့်​ဆံပင်​တွေ ညှပ်​လိုက်​တာလား "
ကျောလယ်​ခန့်ရှည်သည့် ဆံပင်​တွေကို လည်ပင်းဂုတ်ေ​ထာက်​လောက်​အထိ ညှပ်​ပစ်​လိုက်​သော joyကိုကြည့်​ပြီး  Hallက​မေး၏။

Hallနဲ့ သူမပိုရင်းနှီးလာ၍ နင်​တွေငါ​တွေနဲ့ သုံးပြီး​ပြောလာကြသည်​။ သို့​ပေမယ့်​Hallက သူမထက်​နှစ်​နှစ်​လောက်​ကြီးသည်​မို့ "ကိုHall" ဟု​joyကခေါ်ပါသည်​။ တကယ်​ဆို Kingနဲ့သူမက အသက်​အတူတူပါပဲ Hallက သူမတို့နှစ်​ယောက်​ထက်​အသက်​နှစ်​နှစ်​ကြီး​သော်​လည်း Kingဆိုတဲ့အရိုင်းအစိုင်းက မင်းနဲ့ငါနဲ့ပဲ​ပြော​လေ၏။

အချစ်စစ်၏ကံကြမ္မာ(Complete)Where stories live. Discover now