•Darkness-4•

131 13 0
                                        

ဘာလို့ထားခဲ့တာလဲ လို့ပြောပြီး
အော်ဟစ်ပလိုက်ချင်တာ
ဒါပေမဲ့ ဒီလို​တွေပြောရအောင်လည်း
လေးနက်ခဲ့တဲ့ဆက်ဆံရေးတွေမရှိခဲ့

ငါ့ဘက်ကသာ တဖက်သတ်မလား
တဖက်သတ်ချစ်ပြီး
တဖက်သတ်သိမ်းလိုက်ရတဲ့ ဇာတ်တွေမှာ

ဖြတ်လျှောက်သာသာတွေက
ငိုခွင့်မရှိဘူး
စောဒကတက်ခွင့်မရှိဘူး
ကျောပုတ်၊ဖက်ထားပေးမယ့်သူလည်း မရှိဘူး

ပြန်ကြားတိုင်း နာကျင်ရလောက်မယ့်
အမှန်တရားတစ်ခုပြောပြရမလား

အသေးအမွှားကအစ ဒွိဖြစ်တတ်တဲ့ငါက
မင်းကိုပြန်လိုချင်ခြင်းမှာတော့
နောက်ဆံမတင်းပဲ ပြတ်သားနေခဲ့တယ် တဲ့လေ။

- 23.6 ( 4:51 AM )

အော်ဟစ်ပလိုက်ချင်တာ

တဖက်သတ်ချစ်ပြီး

ဖြတ်လျှောက်သာသာတွေက
ငိုခွင့်မရှိဘူး



- 23.6 ( 4:51 AM )

F r o m a f a rWhere stories live. Discover now