ဘာတတ်နိုင်လဲ မေးရင်
ဘာမှမတတ်နိုင်ဘူး လို့ဖြေပါမယ်။
ပြင်ဦးလွင်က နေကြာခင်းတွေဆီ
လက်လေးတွဲပြီး ပြချင်ခဲ့တဲ့ဆန္ဒဟာ
အခုတော့ တိမ်ဆိုင်အလားပဲ။
အတူတကွကြီးပြင်းသွားဖို့
ကတိတွေ ပြုဖူးတယ်။
ဖုန်းလေးများပြောရရင်
ရီသံတွေ လှိုင်နေခဲ့ဖူးတယ်။
လှပခဲ့တဲ့ အမှတ်တရတွေ
တစစီပြိုကျသွားပုံများ ပြောပါတယ်။
ကျနော့်လူသတ်သမားဟာ
ကျနော်သေမသေကြည့်ဖို့
အခင်းဖြစ်ရာဆီ ပြန်လှည့်မလာခဲ့ပါဘူး။
ဘာတတ်နိုင်လဲ မေးရင်
တကယ်လည်းဘာမှမတတ်နိုင်ခဲ့ဘူး။
ထွက်မသွားအောင်ဆွဲထားနိုင်တဲ့
အာဏာလည်း မပိုင်ဘူး။
ဆုံးရှုံးခြင်း နဲ့ ကျန်ခဲ့ခြင်း ကိုပိုက်ပြီးပဲနေခဲ့ရတယ်။
စောင့်နေမယ် လို့လည်း မမှာလိုက်ဘူး
မစောင့်နေဘူး လို့လည်း မအော်လိုက်ဘူး။
တရွေ့ရွေ့နဲ့
မြင်ကွင်းထဲကပျောက်သွားတဲ့ သူ့ကျောပြင်ကို
တွေတွေလေးပဲ ငေးနေလိုက်တယ်။
ဘာတတ်နိုင်လဲ မေးရင်
ဟင့်အင်း ... ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ။
#Meldian
ဘာတတ္နိုင္လဲ ေမးရင္
ဘာမွမတတ္နိုင္ဘူး လို႔ေျဖပါမယ္။
ျပင္ဦးလြင္က ေနၾကာခင္းေတြဆီ
လက္ေလးတြဲၿပီး ျပခ်င္ခဲ့တဲ့ဆႏၵဟာ
အခုေတာ့ တိမ္ဆိုင္အလားပဲ။
အတူတကြႀကီးျပင္းသြားဖို႔
ကတိေတြ ျပဳဖူးတယ္။
ဖုန္းေလးမ်ားေျပာရရင္
ရီသံေတြ လွိုင္ေနခဲ့ဖူးတယ္။
လွပခဲ့တဲ့ အမွတ္တရေတြ
တစစီၿပိဳက်သြားပုံမ်ား ေျပာပါတယ္။
က်ေနာ့္လူသတ္သမားဟာ
က်ေနာ္ေသမေသၾကည့္ဖို႔
အခင္းျဖစ္ရာဆီ ျပန္လွည့္မလာခဲ့ပါဘူး။
ဘာတတ္နိုင္လဲ ေမးရင္
တကယ္လည္းဘာမွမတတ္နိုင္ခဲ့ဘူး။
ထြက္မသြားေအာင္ဆြဲထားနိုင္တဲ့
အာဏာလည္း မပိုင္ဘူး။
ဆုံးရႈံးျခင္း နဲ႕ က်န္ခဲ့ျခင္း ကိုပိုက္ၿပီးပဲေနခဲ့ရတယ္။
ေစာင့္ေနမယ္ လို႔လည္း မမွာလိုက္ဘူး
မေစာင့္ေနဘူး လို႔လည္း မေအာ္လိုက္ဘူး။
တေ႐ြ႕ေ႐ြ႕နဲ႕
ျမင္ကြင္းထဲကေပ်ာက္သြားတဲ့ သူ႕ေက်ာျပင္ကို
ေတြေတြေလးပဲ ေငးေနလိုက္တယ္။
ဘာတတ္နိုင္လဲ ေမးရင္
ဟင့္အင္း ... ဘာမွမတတ္နိုင္ခဲ့ပါဘူး။ ။
#Meldian
