"ထားခဲ့ရင်နေခဲ့မယ်" တဲ့
ဒီသီချင်းစာသားလေးဟာ ငိုရတယ်
ထားခဲ့တော့လည်း တကယ်ကြီးနေခဲ့ရတာပါပဲ
လမ်းလယ်ခေါင်မှာ
လက်ဖြုတ်ချလည်းကျန်ခဲ့ရတာပါပဲ
နေခဲ့ခိုင်းတဲ့အခါ
မနေချင်လည်းနေရတယ်
မငိုချင်လည်းငိုရတယ်
မလိုသူက တကယ်ကိုမလိုတာ
ပစ်ခဲ့တဲ့အမှိုက်ကလေးဟာ
ပုံးထဲမှာပဲ နေရမယ်မဟုတ်လား
တကယ်တော့ချစ်ပြတယ်ဆိုတာ
ထားခဲ့တဲ့အခါ စနစ်တကျရပ်နေလိုက်ခြင်းပဲ။
ချစ်ရသူက
ထားရင်လည်း နေခဲ့ရမှာပဲ
ချန်ရင်လည်း ကျန်ခဲ့ရမှာပဲ
အဲ့ဒီလို ...
သစ္စာစောင့်သိမှုဟာ ဒီကစတယ်။
#Meldian
လမ်းလယ်ခေါင်မှာ
နေခဲ့ခိုင်းတဲ့အခါ
မနေချင်လည်းနေရတယ်
မငိုချင်လည်းငိုရတယ်
ချစ်ရသူက
အဲ့ဒီလို ...
#Meldian
