~ 5 ~

2.7K 312 21
                                    

Unicode
_______

Seokjin မျက်လုံးတွေဖွင့်လိုက်တော့ မျက်နှာကျက်ဖြူဖြူက စီးမိုးလျက်။

"ဘယ်ကိုရောက်နေပါလိမ့်....ငါ ဆေးရုံကိုများရောက်နေတာလား...အားးးကျွတ်..ကျွတ်"

ခေါင်းကလည်း တဆစ်ဆစ်ကိုက်နေသည်မို့ တော်တော်နဲ့မထနိုင်။

"အို...သား..သတိရလာပြီလား... ဖြေးဖြေးထပါ..သားရယ်..မသေကောင်း မပျောက်ကောင်းကွယ်"

"Omma.....Jungkookရော ဘယ်လိုနေသေးလဲဟင်"

"ဘယ်က Jungkookလဲ..သား"

"သားနဲ့အတူ ဆေးရုံရောက်လာတဲ့ ကောင်လေးလေ"

"တော်စမ်း....မင်း သူ့အကြောင်း မေးစရာမလိုဘူး"

ဘယ်ကတည်းက အခန်းဝရောက်နေတယ် မသိတဲ့ Appaက သူ့စကားကြောင့် အခန်းထဲကို ဒေါသတကြီးဝင်လာသည်။

"မင်းကွာ..မင်း..တို့မျိုးရိုးထဲမှာ ဒီလို ယောကျ်ားအချင်းချင်း ပြန်ကြိုက်တဲ့ကောင်မရှိဘူးကွ"

"မင်းတို့နှစ်ယောက် ပိတ်မိနေတဲ့ အခန်းထဲမှာ CCTVရှိတယ်ကွ...ငါအကုန်ကြည့်ပြီးပြီ...တောက်!!!!ငါမပြောလိုက်ချင်ဘူး..ငါရှက်လွန်းလို့ အဲ့ဒီ CCTVကို ဖျက်ဆီးပစ်လိုက်ရတယ်"

Appaစကားကြောင့် သူ့မျက်နှာတွေနီရဲသွားသည်။

"ကျွန်တော် gayနေတာမဟုတ်ဘူး ယောကျ်ားတိုင်းကြိုက်တတ်တဲ့ ကောင်လည်းမဟုတ်ဘူး လူသားတွေထဲမှာ ကျွန်တော် သူ့တစ်​ယောက်ကိုပဲ ချစ်ခဲ့တာ အခြားဘယ်သူကိုမှ မချစ်နိုင်ဘူး"

"မင်း.. ပြောလေ ကဲလေ ပါလား....တောက်!!!ငါလုပ်လိုက်ရ"

သူ့ကို ထိုးရန် လက်သီးနဲ့ရွယ်လိုက်သော appaကြောင့် သူ အထိုးခံရန် မျက်စိမှိတ်ပြီး အသင့်အနေအထားနဲ့နေလိုက်သည်။

"တော်ပါတော့...ဖေကြီးရယ်..ကလေးက ခုမှနေကောင်းခါစကို.."

သူ့ အမေမှာ မျက်ရည်များကြားက တားရှာသည်။
တောင်းပန်ပါတယ် omma..သားကြောင့် ommaမျက်ရည်ကျရပြီ။ငယ်ငယ်ကတည်းက အလိုလိုက်တဲ့ သူ့အမေကိုတော့ အရမ်းချစ်သည်။

"ဒီမှာ Kim Seok Jin...မင်း အဲ့ကျောင်းကိုသွားတက်စရာမလိုတော့ဘူး..စာမေးပွဲကိုလည်း အစောင့်တွေနဲ့သွားဖြေရမယ်..မင်းဖြေပြီးလို့ပြန်ထွက်လာတာနဲ့ အိမ်ကိုတန်းပြန်လာဖို့ လုပ်...မကျေနပ်ရင် ဒီနှစ်နားလိုက်တော့...စာမေးပွဲ ပြီးရင် yuriနဲ့ လက်ထပ်ဖို့ပြင်ပေတော့ မင်းအကောင်ကို တွေ့ဖို့စိတ်ကူးတောင်မယဥ်နဲ့"

မြတ်နိုးမိသည်မှ.. အပ /မြတ်နိုးမိသည်မှ အပ~𝐉𝐢𝐧𝐤𝐨𝐨𝐤✓Tahanan ng mga kuwento. Tumuklas ngayon