~ 9 ~

2.7K 298 18
                                    

Unicode
_______

Jungkook အိပ်ရာနိုးနိုးချင်း မနေ့ညနေက အဖြစ်အပျက်ကလေးကိုတွေးမိရင်း နှုတ်ခမ်းထောင့်က အပြုံးတစ်ချက်ခိုတွဲလာသည်။အရင်ကဆို Hyungက အရမ်းရှက်တတ်တာ..ဘယ်တော့မှ hyungဘက်က စပြီး မနမ်း.မနေ့ညနေကတော့ hyungကိုယ်တိုင် လိုလိုချင်ချင် မြတ်မြတ်နိုးနိုးနဲ့ သူ့နှုတ်ခမ်းတွေကို.....
အတွေးတစ်ပိုင်းတစ်စနဲ့ပင် သူ့ဘေးနားကို လက်နဲ့စမ်းကြည့်မိတော့... အိပ်ရာခင်းအေးစက်စက်ကိုသာ စမ်းမိသည်။

ဟင်!!Hyungဘယ်ရောက်သွားတာလဲ။ခြံထဲများဆင်းသွားပြီလား။ဘယ်တော့မှ နောက်ကျအောင် မအိပ်တတ်တဲ့ Hyungအကျင့်ကြောင့်....အိပ်ရာကစောစောထတယ်ပဲထင်ကာ..နည်းနည်းတော့ စိတ်အေးသွားရသည်။

ဆက်လည်း မအိပ်ချင်တော့တာကြောင့် အိပ်ရာသိမ်းလိုက်ပြီး မျက်နှာသစ်ကိုယ်လက်သန့်စင်လိုက်သည်။မဟုတ်သေးပါဘူး..တစ်ခုခုတော့ ထူးခြားနေပြီ။ခါတိုင်းထက်ကို ပိုပြီး တိတ်ဆိတ်နေသလိုပဲ။appaကတော့ မနက်စောစော လမ်းလျှောက်တာမို့ အိမ်မှာရှိမနေ။ommaကတော့ မီးဖိုခန်းမှာ မနက်စာစီစဥ်နေသည်။မျက်နှာလည်း မ​ကောင်း။ဘာတွေဖြစ်နေတာလဲ။

သူ့ရင်ထဲ အပူရှိန်မြင့်လာကာ အိမ်ရ​ှေ့တွေရော ခြံထဲတွေမှာပဲ hyungကို ရှာနေပေမဲ့မတွေ့။

"Jungkook....Seokjinကို ရှာနေတာလား..သူပြန်သွားပြီ"

"ဗျာ!!!...."

သူ့ရင်ထဲ အင်အားကြီးငလျင်တစ်ခုလှုပ်ခတ်သွားသလို..တုန်ရင်နေသော နှလုံးသားကိုထိန်းမရ။သူ့အသံဟာ...ဗုံးတစ်လုံးလိုပဲ ထ ပေါက်ကွဲသွားရော့သလား။ခေါင်းကိုသာတွင်တွင်ခါတော့ မျက်ရည်စတွေပါ လွင့်စင်ကုန်သည်။

"မယံုဘူး...ကျွန်တော်မယုံဘူး.. omma..ကျွန်တော့်ကို ညာနေတာ..."

ပြောလိုက်ပါ..ommaရယ်..ကျွန်တော့်ကိုညာနေတာပါလို့ ပြောလိုက်ပါ..ကျေးဇူးပြုပြီး..။ommaရဲ့နောက်ထပ်စကားလုံးတွေကြောင့် သူ့ဆုတောင်းတွေမပြည့်တော့။

"သူ့အိမ်က ပြန်ခေါ်လို့ မဖြစ်မနေသွားရတာ။သားအနားမှာ သူရှိနေတာ....သားအတွက်အန္တရာယ်ရှိလို့ ခုလို လုပ်လိုက်ရတာပါ"

မြတ်နိုးမိသည်မှ.. အပ /မြတ်နိုးမိသည်မှ အပ~𝐉𝐢𝐧𝐤𝐨𝐨𝐤✓Where stories live. Discover now